မြေမြုပ်မိုင်းနင်းမိ၍ ကိုယ်ဝန်ဆောင်သည် မိခင်နှင့် ၆ နှစ်အရွယ် သားဖြစ်သူသေဆုံး

မြေမြုပ်မိုင်းနင်းမိ၍ ကိုယ်ဝန်ဆောင်သည် မိခင်နှင့် ၆ နှစ်အရွယ် သားဖြစ်သူသေဆုံး
ဓါတ်ပုံ - CJ
ဓါတ်ပုံ - CJ

ပုလောမြို့နယ်အတွင်း မြေမြုပ်မိုင်းနင်းမိ၍ သားအမိနှစ်ဦး သေဆုံးခဲ့သည်ဟု ဒေသခံ ပုလော ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။

ဇန္နဝါရီလ ၂၃ ရက်နေ့က မြိတ်ခရိုင် ပုလောမြို့နယ် ပဝတ်ဖျားကျေးရွာ ရော်ဘာတောအစပ်၌ အသက် ၂၈ နှစ်အရွယ် နော်မူးနော် (မိခင်)နှင့် သားဖြစ်သူ အသက်ခြောက်နှစ်အရွယ် စောလေလေးတို့ သားအမိ နှစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ခြင်း ဖြစ်သည်။

“သားအမိ နှစ်ယောက်စလုံးကို ဆေးရုံပို့နိုင်ဖို့ စီစဉ်နေတုန်း အမေက ညနေ ၄ နာရီခွဲ လောက်မှာဆုံးသွားပါ တယ်။ ကလေးကတော့ ည ၈ နာရီလောက်ကျမှ ဆုံးတာ။ နှစ်ယောက်စလုံး သွေးထွက်လွန်ပြီး ဆုံးသွားတာ” ဟု အသက် ၄၀  ခန့်အရွယ် ရွာသားတစ်ဦး က ပြောသည်။

မိုင်းနင်းမိသည့် မိခင်ဖြစ်သူ နော်မူးနော်တွင် ကိုယ်ဝန် ၆ လ ရှိပြီး ကျေးရွာအတွင်းရှိ ကုန်စုံဆိုင်သို့ ဈေးဝယ်ရန် သားအမိနှစ်ဦး သွားရောက်စဉ် ရော်ဘာတောစပ်၌ မိုင်းနင်းမိခြင်းဖြစ်သည်ဟု ဒေသခံရွာသားများက ပြောသည်။

အဆိုပါ မြေမြိုပ်မိုင်းသည် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ထောင်ထားသည့် မိုင်းဖြစ်သည်ဟု ဒေသခံ ပုလော ပြည်သူ့ကာကွယ်ရေး PDF အဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

ဓါတ်ပုံ - ပုံဟောင်း
July 27, 2026
စစ်တပ်က အင်အားထပ်မံဖြည့်တင်းထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ၇ မိုင်အကွာရှိ ရွှေမင်းဂံရေတပ်...
July 27, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်ခြမ်းရှိ လေးကေ့ကော်မြို့သစ် အနောက်ဘက် ရဲကုန်းနေရာ၌ ပြီးခဲ့သည့်...
July 27, 2026
UWSA ‘ဝ’ အပါအဝင် မဟာမိတ်ညီနောင် အချို့ စစ်တပ်နှင့် တွေ့ဆုံရန် ပြင်ဆင်နေချိန်အတွင်း...
ဓါတ်ပုံ - Soe Than WIN/AFP via Getty Images
July 25, 2026
စစ်တပ် ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်း အခုရက်ပိုင်းအတွင်း စစ်တပ်က...