ကသာနယ် မြို့လှ PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ မတ်ကြီးကုန်းရွာအနီး တိုက်ပွဲပြင်းထန်

ကသာနယ် မြို့လှ PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ မတ်ကြီးကုန်းရွာအနီး တိုက်ပွဲပြင်းထန်

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ရွှေငြိမ်းချမ်းရွာမှ ဇန်နဝါရီ ၁၇ က် ယနေ့နံနက် ၉ နာရီ ဝန်းကျင်မှစထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းအား‌ မတ်ကြီးကုန်းရွာအနီး မြို့လှ PDF ၊ KIA ပူးပေါင်းတပ်တို့မှ စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း ဒေသရင်းမြစ်မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

" တိုက်ပွဲက ထိပ်တိုက်ဖြစ်တာဆိုတော့ တော်တော်ပြင်းထန်တယ် ခုလည်း လက်နက်ကြီးသံတွေ တစ်ချက်ချက်ကြားနေရတုန်း ထိခိုက်မူအခြေနေကတော့ အသေးစိတ်တော့ မသိရသေးဘူး။ ဒါပေမယ့် စစ်ကောင်စီဘက်က တစ်ယောက် ထမ်းထုတ်သွားတာ တွေ့ရတယ်လို့ ပြောသံကြားတယ်" လို့ နီးစပ်သည့် ဒေသရင်းမြစ်တစ်ဦးကပြောသည်။

ကသာမြို့နယ်၊ မိုးတားလေးကျေးရွာအနီး ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီစစ်ကြောင်းအား ကသာ PDF မှ တစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့‌နောက် မတ်ကြီးကုန်းရွာအနီး မြို့လှ PDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် စုစုပေါင်း ၂ ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထို့ပြင် ဇန်နဝါရီလ ၁၆ရက်နေ့ ညနေ ၃နာရီဝန်းကျင်တွင် လည်း ကသာမြို့နယ်၊ သံပုရာကုန်းရွာတွင် တပ်ထိုင်ထားသည့် စစ်ကောင်စီတပ် အင်အား ၅၀ ခန့်သည် သံပရာကုန်းရွာအနီး မြစ်ကြောင်းတွင် သောင်တင်နေသည့် သင်္ဘောအား လုံခြုံရေးယူပြီးနောက် မိုးတားလေးရွာဘက်ရှိ ၎င်းတို့ စစ်ကောင်စီတပ် အင်အား ၄၀ ခန့်ဖြင့်ပေါင်းစည်းရန် ခြေလျှင်ထွက်ခွာစဥ် ဘူတာစုကျွန်းအနီး၌ ဗိုလ်သာလိကာဦးဆောင်သော မိုးတား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်း ၇ လုံးဖြင့် စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသရင်းမြစ်မှသိရသည်။

" ခုကရေကျတဲ့အချိန်ဆို‌ တော့ သင်္ဘောက မစုန်နိုင်ဘဲနဲ့ သံပရာရွာအနီးမှာ သောင်တင်နေတာ အဲဒါကို အကာကွယ်ပေးဖို့ သံပရာရွာမှာ တပ်ထိုင်ထားတဲ့အဖွဲ့က လုံခြုံရေးယူပေးပြီး အပြန်မှာ ဒီဘက်က စောင့်ပစ်တာဟုတ်တယ်" ဟု အမည်မဖော်လိုသည့် ဒေသရင်းမြစ်ကပြောသည်။

အဆိုပါ တိုက်ပွဲသည် ၁နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်‌ကောင်စီဘက်မှ ၇ ဦးကျဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့‌ကြောင်း သိရသည်။

ယင်းသင်္ဘောသည် ဇန်နဝါရီလ ၁၅ရက်နေ့ ရွှေကူမြို့မှ စုန်ဆင်းလာသည့် သင်္ဘောဖြစ်ကြောင်းလည်း သိရသည်။

ကသာနယ်၊ မိုးတား‌ကြီးနှင့် မိုးတားလေး တစ်လျှောက် ကျေးရွာများတွင် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ဒေသခံကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ် တိုက်ပွဲများ မကြာခနဖြစ်ပွားခဲ့ကာ နိုဝင်ဘာလ ၉ရက်နေ့ တိုက်ပွဲအပြင်းထန်ဆုံးဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၄၀ဦးခန့် သေဆုံးခဲ့ကြောင်း ဒေသခံကာကွယ်ရေးတပ်များမှ သိရသည်။

ထို့ပြင် ဇန်နဝါရီလ ၁၂ရက်နေ့ စစ်ကောင်စီတပ်မှ မိုးတာကြီးကျေးရွာတစ်လျှောက် လေကြောင်းဖြင့် ဗုံးကြဲခဲ့သည်။

ယင်းနောက် ယခုရက်ပိုင်း ကသာမြို့နယ် မြစ်ကြောင်းတစ်လျှောက် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲပိုမိုပြင်းထန်လာသည်။

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...