ဒီပဲယင်းစစ်ဘေးရှောင် တစ်သောင်းခန့် အရေးပေါ်ကူညီထောက်ပံ့မူ လိုအပ်နေ

ဒီပဲယင်းစစ်ဘေးရှောင် တစ်သောင်းခန့် အရေးပေါ်ကူညီထောက်ပံ့မူ လိုအပ်နေ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ စစ်ဘေးရှောင်လာသည့် ပြည်သူ ‌တစ်သောင်းခန့်အတွက် အဝတ်အထည်နှင့်စားနပ်ရိက္ခာအရေးပေါ်ကူညီထောက်ပံ့မူ လိုအပ်နေကြောင်း ‌စစ်ရှောင်များအား ကူညီပေးနေသူများထံမှ သိရသည်။

ဇန်နဝါရီလ ၁၄ရက်နေ့ စစ်ကောင်စီတပ်မှ ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လေကြောင်းတိုက်ခိုက်မူ ပြုလုပ်ခဲ့သည့်အတွက် စစ်ဘေးရှောင် တစ်သောင်းဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရပြီး အဝတ်အထည်နှင့်စားနပ်ရိက္ခာအရေးပေါ်ကူညီထောက်ပံ့မူ လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီထောက်ပံ့ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ခုလိုပြောသည်။

" ဒီတစ်ခေါက်ပြေးတာက အရင်တစ်ခေါက်ပြေးတာနဲ့ မတူဘူး ဘာလို့လဲဆိုရင် အရင်ပြေးတုန်းကတော့ စကစဘက်က စစ်ကြောင်းထိုးလာပြီလို့ကြားတာနဲ့ မြေပြင်ကနေ ထိုးလာကြတာဆိုတော့ ကြိုတင်ပြင်ဆင်ပြီး ပြေးလို့ရတယ်။ ဒါပေမယ့် မနေ့ကတော့ ထင်မှတ်မထားတဲ့အချိန် ‌ရုတ်တရက်ကြီး လာပစ်တာဆိုတော့ ဘာမှပြင်ဆင်ချိန်မရှိဘူး အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ဘဲပြေးကြရတာဆိုတော့ ပိုခက်ခဲတယ် အဲကြောင့် တတ်နိုင်တဲ့ဘက်ကနေ ဝိုင်းဝန်းကူညီပေးကြပါလို့ ပြောချင်တယ်" လို့ စစ်ရှောင်ကူညီပေးနေသည့် အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ ဇန်နဝါရီလ ဒီပဲယင်းမြို့နယ်အတွင်းရှိ ယဉ်ချင်းရွာအနီးတစ်လျှောက် စစ်ရဟတ်ယဉ်(၅)စီးရောက်ရှိလာကာ စစ်ရဟတ်ယဉ်(၃)စီးဖြင့် စစ်အင်အားလာရောက်ချ‌ထားပေးနေစဉ် ကျန်ရယာဉ် (၂)စီးဖြင့် ကင်းလှည့်ပေးကာ ကျေးရွာများအတွင်းသို့ ပစ်ခတ်ခဲ့ကြောင်း ဒေသခံများကပြောသည်။

ထို့နောက် စစ်ရဟတ်ယဉ်ဖြင့် လာရောက်ပို့‌ ဆောင်ခဲ့သည့် စစ်ကောင်စီတပ်သည် ယဉ်ချင်း‌ ကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့အား မီးရှို့ခဲ့ကြကြောင်း ဒေသခံများမှသိရသည်။

လက်ရှိ ဒီပဲယင်းမြို့နယ်အတွင်းမှ ထွက်ပြေးတိမ်းရှောင်နေကြရသည့် ကျေးရွာများသည် ညောင်လှ၊ဝဲကြီး၊ ကုန်းကြီး ၊ကုန်းတန်း၊ ယဉ်ချင်း၊ ကျေးရွာနှများ၊ အင်ကြင်း၊ သပြေတာ အစရှိသည့်ရွာများဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် နိုဝင်ဘာလ ၂၇ ရက်နေ့ ညောင်လှကျေးရွာအနီးတစ်ကြီမ် ဒီဇင်ဘာလ ၂၂ရက်နေ့ တစ်ကြိမ်နှင့် ဇန်နဝါရီလ ၁၄ ရက်နေ့တစ်ကြိမ် စုစုပေါင်း သုံးကြိမ်တိုင်တိုင် လေကြောင်းဖြင့် တိုက်ခိုက်မူပြုလုပ်ခဲ့သည်။

ယင်းကဲ့သို့ စစ်ကောင်စီတပ်သည် မကြာခန လေကြောင်းဖြင့် ပစ်ခတ်မူများ ပြုလုပ်နေသည့်အတွက် စစ်ရှောင်ပြည်သူများအနေဖြင့် မိမိနေရပ်သို့ ပြန်လည်နေထိုင်ရန်အတွက် စိုးရိမ်နေကြကြောင်း သိရသည်။

" ဒီပုံစံအတိုင်းဆို ပြန်နေလို့ မရဲကြဘူး ရုတ်တရုတ်ကြီး လေကြောင့်နဲ့ ပစ်တယ်။ ပြီးတော့ မြေပြင်ကလည်း ထိုးစစ်ဆင်နေတုန်းဆိုတော့ ပြန်လည်းမလုံခြုံတော့ တော်တော်လေးကိုခက်နေတယ် ဒီထက်ကြာလာရင်တော့ ပိုခက်ခဲလာဖို့ဘဲရှိတယ်" ဟု စစ်ရှောင်ကူညီပေးနေသည့်အဖွဲ့ကပြောသည်။

လက်ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် စစ်ရှောင်ကူညီရေးအဖွဲ့နှင့် အလှူရှင်များ၏ ကူညီမူများဖြင့် ကူညီထောက်ပံ့နေကြောင်း သိရသည်။

သို့သော် လူဦးရေများပြားသည်နှင့်အမျှ ကူညီထောက်ပံ့မူများ ဆက်လက်လိုအပ်နေသည့်အတွက် 09751327722 အဆိုပါ ဖုန်းနံပါတ်သို့ ဆက်သွယ်ကာ ထောက်ပံ့ပေးကြရန်လည်း စစ်ရှောင်ကူညီထောက်ပံ့ပေးနေသည့် အဖွဲ့များမှ တောင်းဆိုထားသည်။

ဒီပဲယင်းမြို့နယ်သည် ရွှေဘိုခရိုင်တွင်တည်ရှိပြီး လက်ရှိတွင် PDF လှုပ်ရှားမှုအားကောင်းသော မြို့နယ်တစ်ခုဖြစ်သည်။

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...