ကြက်ဝိုင်းဒိုင်လုပ်နေသည့် အုပ်ချုပ်‌ရေး အဖွဲ့ဝင် ပစ်သတ်ခံရ

ကြက်ဝိုင်းဒိုင်လုပ်နေသည့် အုပ်ချုပ်‌ရေး အဖွဲ့ဝင် ပစ်သတ်ခံရ

လောင်းလုံးမြို့နယ်မှ စစ်ကောင်စီခန့် အုပ်ချုပ်ရေး အဖွဲ့ဝင် တစ်ဦး ဖြစ်ပြီး သတင်းပေးဆိုသူ တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရသည်ဟု ဒေသခံ ရွာသားများက ပြောသည်။

စစ်ကောင်စီ သတင်းပေးဟု ရွာသားများက ပြောသော ဦးသန်းထိုက်ဆိုသူမှာ လောင်းလုံးမြို့နယ်၊ တောကျဲကျေးရွာက နတ်ပွဲတွင် ဇန္နဝါရီလ ၁၃ ရက်နေ့၊ မွန်းလွဲ ၁ နာရီ အချိန်ခန့်တွင် ကြက်ဝိုင်း ဒိုင် လုပ်နေစဉ် ပစ်သတ်ခံရခြင်း ဖြစ်သည်။

“ကျည်ဆံ ခေါင်းကိုထိတယ်လို့ ကြားရတယ်။ သွားမကြည့်ရဲဘူး။ အရေးပေါ်ကားနဲ့ ဆေးရုံပို့လိုက်ပြီ” ဟု အသက် ၃၅ နှစ် အရွယ် ဒေသခံရွာသားတစ်ဦးက ပြောသည်။

သေနတ်ပစ်ခတ်ခံရသူမှာ အသက် ၅၀ ကျော် အရွယ် ဦးသန်းထိုက်ဆိုသူဖြစ်ပြီး ကျေးရွာအတွင်း သတင်းပေး ဒလန်ဟု နာမည်ဆိုးဖြင့် ကျော်ကြားကာ စစ်ကောင်စီခန့် သကျက်တောကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦး လည်း ဖြစ်သည်ဟု အဆိုပါ ဒေသခံရွာသားက ဆက်ပြောသည်။

သေဆုံးသူ ဦးသန်းထိုက်သည် ကျေးရွာတွင် လောင်းကစားဝိုင်းများ ထောင်ကာ ဒိုင်အဖြစ် လုပ်ကိုင်လျက်ရှိပြီး၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား သပိတ်တွင် ပါဝင်သူများကို သတင်းပေးဖမ်းဆီးခိုင်းခြင်း၊ လမ်းပြအဖြစ် ဦး ဆောင်ပါဝင်ပေးခြင်းများကြောင့် အပစ်ခံရခြင်း ဖြစ်နိုင်သည်ဟု ဒေသခံရွာသားများက ပြောဆိုနေ ကြသည်။

လက်ရှိတွင် ဦးခေါင်းကို သေနတ်ဖြင့် အပစ်ခံရသူ ဦးသန်းထိုက်သည် ထားဝယ်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကု သမှု ခံယူလျက်ရှိနေသည်။

လောင်းလုံးမြို့နယ်အတွင်း ကျေးရွာအုပ်စု ၄၁ အုပ်စုရှိနေပြီး တောကျဲကျေးရွာနှင့် သကျက်တောကျေးရွာတို့မှာ ရွာချင်းကပ် တဆက်စပ်တည်းရှိနေသည့် ကျေးရွာ အုပ်စုများဖြစ်ကြပြီး  လောင်းလုံး-ရှင်မော် သွားသည့် ကား လမ်းပေါ်တွင်တည် ရှိသည်။

February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...