စစ်ပဋိပက္ခ အတွင်းက ကရင်နီပြည်သူများကို ကာကွယ်ပေးရန် နိုင်ငံတကာကို KNPP တောင်းဆို

စစ်ပဋိပက္ခ အတွင်းက ကရင်နီပြည်သူများကို ကာကွယ်ပေးရန် နိုင်ငံတကာကို KNPP တောင်းဆို

ကရင်နီပြည်နယ်ရှိ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်နေသည့်အ တွက် အရပ်သားပြည်သူများကို အကာအကွယ်ပေးနိုင်သည့် အခင်းအကျင်းတစ်ခုကို နိုင်ငံတကာ အသိုင်းအဝိုင်း မှ ဖန်တီးပေးရန် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP က တောင်းဆိုလိုက်သည်။

ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ KNPP အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်က “အခုက ကျနော်တို့ လက် နက်ကိုင် အချင်းတိုက်ပွဲဖြစ်တာကတော့ ဒါကတော့ ထုံးစံပဲ ဒါပေမယ့် ဘာမှမဆိုင်တဲ့ အပြစ်မဲ့တဲ့ ပြည်သူတွေ  က Target ထားပြီးမှ ပစ်ခတ်နေတာကတော့ ဒါ နိုင်ငံတကာကတော့ လူသားချင်းဆိုင်ရာပေါ့နော။ ရာဇဝတ်မှု လည်း မြောက်စေတယ်။ လူသားမျိုးနွယ်စု Genocide ပေါ့နော။ Ethnic Cleaning ပုံစံလေး ရောက်တယ်။ ဆို တော့ လူထုအတွက်ကတော့ ကျနော်တို့ Safe Zone တစ်ခုရှိသင့်တယ်။ Safe Zone ဆိုတာကတော့ ကျနော်တို့ သူ တို့ကို ဒီနေရာမှာ သူတို့ရဲ့ လုံခြုံရေး နဲ့ သူတို့ရဲ့ လိုအပ်တဲ့ ကျန်းမာရေးပေါ့နော။ စောင့်ရှောက်မှုတွေကအစ လူ ထုက စစ်ဘေးကနေပြီးမှ Free Zone သဘောမျိုးပေါ့နော။ အဲသလို တစ်ခုဖြစ်ဖို့ကတော့ နိုင်ငံတကာ ကနေမှ ဆောင်ရွက်သင့်တယ်လို့ ကျနော်ကတော့ အဲလိုထင်ပါတယ်” ဟု ပြောသည်။

လက်ရှိ ကရင်နီပြည်နယ်တွင် KNPP ထိန်းချုပ်ရာ ဒေသများ အတွင်းတွင် သာမက လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို စသည့် မြို့ပြများအထိ တိုက်ပွဲများ ဖြစ်ပွားလာပြီး တိုက်ပွဲများအတွင်းရှိ ပြည်သူများကို စစ်ကောင်စီတပ်မှ ပစ် မှတ်ထား တိုက်ခိုက်နေသည်ဟု ဦးအောင်ဆန်းမြင့်က ဆက်ပြောသည်။

၎င်းက “သူက လူထုတွေကို တည့်တည်းကို Target ထားပြီးမှ ပစ်နေတာ ဟုတ်တယ်။ ဒီ အဆောက်အဦးကို ရော လူထုကိုရော ဘာမှ မခွဲခြားတော့ဘူးပေါ့နော။ လက်နက်ကိုင်တွေ မခွဲခြားပဲနဲ့ အကုန်လုံး ရမ်းသမ်းပစ်တဲ့ သဘောဖြစ်နေတယ်။ ပစ်တဲ့ အခါမှာလည်း လူထုတွေ ဘာတွေ ဘာမှ မချန်တော့ဘူးလေနော။ အကုန်လုံးပစ် တယ်။ ပစ်ရုံနေမကဘူး တိုက်ပွဲ ဖြစ်ပြီးရင်လည်း အဲဒီကျေးရွာတွေကို မီးရှို့ ပစ်တာလေနော။ အဲလိုမျိုးတွေ အဆောက်အဦတွေ မီးရှို့ပစ်တာတွေ အဲလိုမျိုးတွေလည်း လုပ်တယ်” ဟုပြောသည်။

ကရင်နီပြည်နယ်တွင် မြေပြင်တိုက်ခိုက်မှုများအပြင် ဝေဟင်တိုက်ခိုက်မှုများပါ စစ်ကောင်စီတပ်ဖက်မှ အဆက်မ ပြတ် လုပ်ဆောင်လာသည့်အတွက် တိုက်ပွဲများကြားရှိ ပြည်သူများမှာ ထိခိုက်သေဆုံးမှုများနှင့် ဒဏ်ရာရရှိမှုများ စွာ ရှိလာနေသည်ဟု KNPP က ပြောသည်။

ပြီးခဲ့သည့် ဇန္နဝါရီလ ၇ ရက်နေ့က ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF၊ ကရင်နီတပ်မတော် KA၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်တို့ နှင့် စစ်ကောင်စီတပ်တို့အကြား ဖြစ်ပွားခဲ့သည့် လွိုင် ကော်မြို့ အတွင်းက တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ဒေသခံ ပြည်သူ ၆ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ထို့သို့ ထိခိုက်သေဆုံးမှုများ ရှိလာသည့်အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းမှ စစ်ရေး ပဋိပက္ခများ အကြားတွင် ရောက်ရှိနေသည့် ပြည်သူများကို အကာအကွယ်ပေးနိုင်သည့် အခင်းအကျင်းတစ်ခုကို ဖန်တီးပေးရန် တောင်းဆို ရခြင်းဖြစ်သည်ဟု KNPP က ဆိုသည်။

February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...