တောင်ဒဂုံရှိ အုပ်ချုပ်ရေး ရုံးတစ်ခုကို သေနတ်ဖြင့် ပစ်၊ တစ်ဦး ဒဏ်ရာရ

တောင်ဒဂုံရှိ အုပ်ချုပ်ရေး ရုံးတစ်ခုကို သေနတ်ဖြင့် ပစ်၊ တစ်ဦး ဒဏ်ရာရ

တောင်ဒဂုံ မြို့နယ် အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးရုံးတစ်ခုကို ဇန္နဝါရီ ၉ ရက် ညနေပိုင်းက လူအချို့က သေနတ်ဖြင့် ပစ်ခတ်သွားရာ ရုံးအတွင်းရှိ အမျိုးသား တစ်ဦး ဒဏ်ရာ ရရှိသွားသည်။

တောင်ဒဂုံမြို့နယ်၊ ၂၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ညနေ ၅ နာရီဝန်းကျင် အချိန်ခန့်တွင် အမည်မသိ လက်နက်ကိုင်အချို့က သေနတ်ဖြင့်ပစ်ခတ်သွားခြင်း ဖြစ်သည် ဟု ရပ်ကွက်အတွင်းနေထိုင်သူများက ပြော သည်။

အဆိုပါရပ်ကွက်အတွင်းနေထိုင်သည့် အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးက “ကားနဲ့လာ ပစ်သွား တာ။ လေး၊ ငါး၊ ခြောက်ချက်လောက်ရှိတယ်။ ထိတဲ့သူက အဲ့ဒီရုံးကစာရေး။ သေလား မသေလားတော့ မသိ ဘူး” ဟု ပြောသည်။

ထိခိုက်ဒဏ်ရာ ရရှိသွားသူကို လူနာတင်ယာဉ်ဖြင့် လာရောက် ခေါ်ဆောင်သွားသည်ဟု အဆိုပါရပ်ကွက်အတွင်း နေထိုင်သူများက ပြောသည်။

၂၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းပိတ်ကာ စစ်ဆေး လျက်ရှိပြီး ရပ်ကွက်အတွင်း ဝင်ရောက်သောင်းကျန်းမည်ကိုလည်း စိုးရိမ်နေကြသည်ဟု ရပ်ကွက်အတွင်း နေထိုင်သူများက ပြောသည်။

“လာပစ်တာတော့ အုပ်ကြီးကို လာပစ်တာဖြစ်နိုင်တယ်။ ဒါပေမယ့် သူလွတ်သွားတယ်” ဟု ရပ်ကွက်အတွင်း နေ ထိုင်သူ တစ်ဦးက ဆက်သည်။

အဆိုပါ ရပ်ကွက် အုပ်ချုပ်ရေးမှူးမှာ ယခင်က လူမိုက်တစ်ဦးဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် အုပ်ချုပ် ရေးမှူးအဖြစ် ဝင်ရောက် လုပ်ကိုင်ကာ ရပ်ကွက်နေပြည်သူများအပေါ် အနိုင်ကျင့် ဗိုလ်ကျသည့် လုပ်ရပ်များကို လုပ်နေသူဖြစ်သည်။

May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာသတ္တုခဲမိုင်း...
May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...