အင်တောရွာအထက်တန်းကျောင်းကော်မတီဝင် ၂ ဦး စစ်ကောင်စီတပ်မီးရှို့သတ်ဖြတ်

အင်တောရွာအထက်တန်းကျောင်းကော်မတီဝင် ၂ ဦး စစ်ကောင်စီတပ်မီးရှို့သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် အင်တောအုပ်စု အင်တောကျေးရွာမှ ကျောင်းကော်မတီဝင် နှစ်ဦးအား စစ်ကောင်စီတပ်မှ မီးရှို့သတ်ဖြတ်သွားကြောင်း ဒေသရင်းမြစ်မှ သိရသည်။

" အမှန်တော့ အဲရွာကတစ်ရွာလုံးနီးပါးစစ်ရှောင်နေတာ အဲဒါ ကျောင်းကော်မတီဝင် နှစ်ယောက်က ရွာထဲကို ရိက္ခာပြန်ယူတာ အဲမှာစစ်ကောင်စီတပ်က ပစ်သတ်သွားတယ်ဆိုတာတော့ သိရတယ် ဒီနေ့မှ စစ်သားတွေလည်း ရွာကထွက်သွားမှ မိသားစုဝင်တွေ အလောင်းကိုပြန်ရှာတာ စာသင်ကျောင်းနောက်ဘက်မှာ မီးရှို့သတ်ထားတာတွေ့ရတယ်" ဟု ဒေသခံရင်းမြစ်တစ်ဦးကပြောသည်။

မီးရှို့ခံရသည့် ကျောင်းကော်မတီဝင် ၂ ဦးသည် ဦးမောင်မြင့်(၄၅)နှ စ်နှင့် ဦးတင်သောင်း(၄၀)နှစ်တို့ဖြစ်‌ကြပြီး ညီအစ်ကိုဝမ်းကွဲတော်စပ်ကြောင်း ၎င်းကဆက်ပြောသည်။

စစ်ကောင်စီတပ်သည် အင်တောရွာတွင် ဇန်နဝါရီလ လဆန်းမှ အင်တောရွာ အထက်တန်းကျောင်းတွင် ဝင်ရောက်တပ်စွဲထားခြင်းဖြစ်ကာ ဇန်နဝါရီ ၅ ရက်နေ့က ရွာမှပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

" မနေ့က သတ်တာလား ဘယ်နေ့သတ်တာလဲဆိုတာတော့ တိတိကျကျ မသိရဘူး ဒီနေ့ စစ်သားတွေရွာက ထွက်သွားတဲ့နောက်မှ မီးရှို့ခံထားရတာ သူတို့နှစ်ယောက်မှန်း သိရတယ် တစ်ကယ်ရိုးသားတဲ့သူတွေကိုဗျာ လုပ်ရက်ကြတယ်" ဟု ဒေသခံတစ်ဉီးကပြောသည်။

ယင်းကဲ့သို့ စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းရှိ ကျေးရွာများတွင် ဝင်ရောက်တပ်စွဲခြင်းများ ဒေသခံပြည်သူများအား မတရားဖမ်းဆီး သတ်ဖြတ်မူများ ပိုမိုလုပ်ဆောင်လာသည့်အတွက် စစ်ကိုင်းတိုင်းဒေသကြီးတွင် စစ်ဘေးရှောင်များလည်း ပိုမိုများလာဆဲဖြစ်သည်။

July 30, 2026
အမေရိကန် ပြည်ထောင်စုတွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဥပဒေစိုးမိုးရေးအဖွဲ့ (ICE) က ကချင်...
July 30, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့တွင် စစ်ရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများကြောင့် ကြက်ဥ...
July 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ ခွန်ဆာကုန်းကျေးရွာ ကားကြီးကွင်းအနီးတွင်...
July 24, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ်၊ ရှိန်းခေါင်ကျေးရွာဘက်သို့ စစ်ဘေးရှောင်လာကြသည့် အမတ်ပေါ်ကျေးရွာ...