မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်းရပ်ကွက်နေ အမျိုးသမီးတစ်ဦးထံမှ မူးယစ်ဆေးဝါး အများအပြား ဖမ်းဆီးရမိ

မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်းရပ်ကွက်နေ အမျိုးသမီးတစ်ဦးထံမှ မူးယစ်ဆေးဝါး အများအပြား ဖမ်းဆီးရမိ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်းရပ်ကွက်တွင် နေထိုင်သည့်အမျိုးသမီးတစ်ဦးထံမှ ကာလတန်ဖိုး ကျပ်သိန်း ၁၅၀၀ ဝန်းကျင်ရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဂျန်မိုင်ကောင်ရပ်ကွက်၊ နယ်မြေ ၁၀ တွင် နေထိုင်သည့် ကုန်စိမ်းရောင်းဝယ်ရေးလုပ်ကိုင်နေသူ ဒေါ်ခေါန်ဆန်နေအိမ်ကို ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေခဲ့ပြီး ဒေါ်ခေါန်ဆန် နေအိမ်အတွင်းမှ ဒေါ်ခေါန်ဆန်နှင့်အတူ မူးယစ်ဆေးဝါးအများအပြား ဖမ်းဆီးခံလိုက်ရကြောင်း အနီးဝန်းကျင်တွင် နေထိုင်သည့် မျက်မြင်တွေ့သူတစ်ဉီးက ဆိုသည်။

“မူးယစ် ရဲတပ်ဖွဲ့တွေက မူးယစ်ဖမ်းဝရမ်းနဲ့ လာရှာဖွေတာလို့သိရတယ် ဒေါ်ခေါန်ဆန်ကိုလည်း ဖမ်းသွားတယ် ပြီးတော့ သူ့ရဲ့ နေအိမ်ထဲက မူးယစ်ဆေးဝါး ဘိန်းဖြူတွေပါတယ်။ ပြီးတော့ စိတ် ကြွဆေးပြားတွေလည်းအများကြီးပါတယ်။ မြန်မာငွေနဲ့ဆိုရင် ကျပ်သိန်းငါးထောင် ခြောက်ထောင်ကျော်ဖိုးအဖမ်းခံလိုက်ရ တယ်လို့သိရတယ်။”ဟု အနီးဝန်းကျင်တွင်နေထိုင်သည့် အမျိုးသားတစ်ဦးက ပြောသည်။

ဖမ်းဆီးခံလိုက်ရသည့် မူးယစ်ဆေးဝါးများတွင် ဘိန်းဖြူ အလေးချိန် စုစုပေါင်း (၃ ဒဿမ ၇၅)ကီလိုဂရမ် နှင့် စိတ်ကြွဆေးပြား စုစုပေါင်းအလေးချိန် (၃၃ ဒဿမ ၆) ကီလိုဂရမ်အထိပါရှိသည်ဟု သိရသည်။ ဘိန်းဖြူ တစ်ကီလိုဂရမ်လျှင် ကာလတန်ဖိုး ကျပ်သိန်း ၂၅၀ နှင့် စိတ်ကြွဆေးပြားမှာ တစ်ပြားလျှင် ကာလတန်ဖိုး ကျပ် ၁၅၀၀ ရှိကြောင်း သိရသည်။

မူးယစ်ဆေးဝါးလက်ဝယ်ထားရှိမှုကြောင့် ဖမ်းဆီးခံလိုက်ရသည့် ဒေါ်ခေါန်ဆန်သည် အသက် ၄၀ ကျော်အရွယ်ရှိပြီး လတ်တလောတွင် သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် ထိန်းသိမ်းခံထားရကြောင်း သိရသည်။

ကချင်တစ်ပြည်နယ်လုံးတွင် လွန်ခဲ့သည့် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ လေးနှစ်အတွင်းတွင် မူးယစ်ဆေးဝါးဖမ်းဆီးမှုအနေဖြင့် ဘိန်းဖြူ (၅၄၇ဒဿမ၄၀၇ )ဂရမ်၊ တန်ဖိုးငွေကျပ် (၄၃ဒဿမ ၇၉)ဘီလီယံ နှင့် စိတ်ကြွဆေးပြား (၈၉၅၈၇၆၄ )ပြား၊ တန်ဖိုးငွေကျပ်(၂၆ဒဿမ ၈၈)ဘီလီယံ အထိဖမ်းဆီးနိုင်ခဲ့ပြီး ၊ မူးယစ်ဆေးဝါးအမှုနဲ့ပတ်သတ်ပြီးတရားခံပေါင်း ၁၁၇၁၇ ဦးဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း သိရသည်။

Most read this week

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...
September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...