ထားဝယ်တွင် ဗျူစောထီးဆိုသူ တစ်ဦး သတ်ခံရ

ထားဝယ်တွင် ဗျူစောထီးဆိုသူ တစ်ဦး သတ်ခံရ

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် စော်ဖျားကျေးရွာတွင် ပျူစောထီး (ပြည်သူ့စစ်) အဖွဲ့ဝင် တစ်ဦး အသတ် ခံခဲ့ရသည်ဟု ဒေသခံရွာသားများက ပြောသည်။

အသတ်ခံရသူ အသက် ၄၀ ကျော်ခန့်ရှိ ဦးဝင်းချို (ခ) ကိုဘိတ်ဆိုသူသည် ဒေသအတွင်း စစ်ကောင်စီသတင်းပေး၊ ပျူစောထီးအဖွဲ့ဝင်၊ မီးသတ်တပ်ကြပ်ကြီး တစ်ဦးလည်း ဖြစ်သည်ဟု စော်ဖျားရွာသားများက ပြောသည်။

စော်ဖျားကျေးရွာက အသက် ၃၀ အရွယ် ရွာသားတစ်ဦးက “သူက ရွာမှာ စစ်ကောင်စီသတင်းပေး ဒလန်ဆိုပြီး နာမည်ကြီးတယ်။ NLD အဖွဲ့ဝင်တွေနဲ့ ဆန္ဒပြသူတွေကို သတင်းပေးနေတာ။ မီးသတ်တပ်ကြပ်ကြီးလည်း လုပ် တယ်။ အတော်ဆိုးတာမို့ ရွာမှာ သူ့ကို လူအတော် များ များက သတိထားရှောင်နေကြရတာ” ဟု ပြောသည်။

ဦးဝင်းချိုကို ဇန္နဝါရီလ ၄ ရက်နေ့၊ ညနေ  ၃ နာရီခွဲ ဝန်းကျင်အချိန်ခန့်က စော်ဖျားကျေးရွာ မှ ကျောက်လှေကား ကျေးရွာ အသွားလမ်းတွင် အမည်မသိအဖွဲ့တစ်ဖွဲ့ က ဖမ်းဆီးသွားပြီးနောက် တောလမ်းတနေရာတွင် လည်ပင်း ပြတ်ရှဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရခြင်း ဖြစ်သည်ဟုသိရသည်။

သို့သော် မည်သည့်အဖွဲ့အစည်းက သတ်သွားသည်ကို မသိရသေးပေ။

ထို့အပြင် စော်ဖျားကျေးရွာအုပ်စု မိုးရွှေကုန်းကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများ လိုက် ပါလာသည့် Vigo ကားတစ်စီးအား ဒီဇင်ဘာလ ၂၈ ရက်နေ့၊ ညနေ ၅ နာရီ အချိန်ခန့်က မိုင်းဆွဲ တိုက်ခိုက် ခံခဲ့ရ သေးသည်။

ဓါတ်ပုံ - ပုံဟောင်း
July 27, 2026
စစ်တပ်က အင်အားထပ်မံဖြည့်တင်းထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ၇ မိုင်အကွာရှိ ရွှေမင်းဂံရေတပ်...
July 27, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်ခြမ်းရှိ လေးကေ့ကော်မြို့သစ် အနောက်ဘက် ရဲကုန်းနေရာ၌ ပြီးခဲ့သည့်...
July 27, 2026
UWSA ‘ဝ’ အပါအဝင် မဟာမိတ်ညီနောင် အချို့ စစ်တပ်နှင့် တွေ့ဆုံရန် ပြင်ဆင်နေချိန်အတွင်း...
ဓါတ်ပုံ - Soe Than WIN/AFP via Getty Images
July 25, 2026
စစ်တပ် ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်း အခုရက်ပိုင်းအတွင်း စစ်တပ်က...