တနင်္သာရီ မြို့နယ်အတွင်း ရဲကင်းစခန်းတစ်ခု ဖျက်ဆီးခံရ

တနင်္သာရီ မြို့နယ်အတွင်း ရဲကင်းစခန်းတစ်ခု ဖျက်ဆီးခံရ

တနင်္သာရီမြို့နယ် ရဲကင်းစခန်းတစ်ခုကို ဇန္နဝါရီလ ၃ ရက်နေ့၊ မွန်းလွဲပိုင်း ၃ နာရီခွဲ အချိန်ခန့်တွင် နယ်မြေခံ ဘက်မလိုက် ပျောက်ကျားအဖွဲ့ PDF က ဝင်ရောက် ဖျက်စီးခဲ့သည်ဟု ဒေသခံရွာသားများက ပြောသည်။

“စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ ဘုန်းကြီးကျောင်းမှာ သိမ်းဆည်းထားတဲ့ ဆိုင်ကယ် ၅ စီးနဲ့ စစ်တပ်ပိုင် စက်လှေ တစ်စီးနဲ့ ဟွန်ဒါစက်နှစ်လုံးကိုလည်း ရိုက်ချိုးဖျက်စီးခဲ့သေးတယ်” ဟု မျက်မြင်တွေ့ရှိသူ အသက် ၃၅ နှစ် အရွယ် တကူးကျေးရွာသားတစ်ဦးက ပြောသည်။

တနင်္သာရီ မြို့နယ် တကူကျေးရွာ ရဲကင်းစခန်းအတွင်းက ပရိဘောဂပစ္စည်းများ၊ စာရွက်စာတမ်းများနှင့် လျှပ်စစ်ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့ပြီး နောက် ရေပိုက်လိုင်းများကိုလည်း ရိုက်ချိုးဖျက်စီးခဲ့သည်ဟု မျက်မြင်တွေ့သည့် ရွာသားများက ပြောသည်။

အဆိုပါ တကူကျေးရွာ ရဲကင်းစခန်းအတွင်း ရဲများမရှိသည်မှာ ကြာပြီဖြစ်ပြီ ဖြစ်သည်။

သို့သော် ယခင်ရှေ့ရက်များတွင် ကျေးရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့က အခင်းဖြစ်ပွားသည့် ကျေးရွာထဲ သို့ ရောက်ရှိလျှက်ရှိသော်လည်း အခင်းဖြစ်ပွားသည့် ဇန္နဝါရီလ ၃ ရက်နေ့က အခြားကျေးရွာ တစ်ရွာဖြစ်သည့် သရဘွင်ကျေးရွာဘက်သို့ ရောက်ရှိနေကြသည်ဟု ရွာသားများကပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၁ ရက်နေ့တုန်းကလည်း စစ်ကောင်စီတပ်ဖွဲ့ပိုင် ရော်ဘာမိုင်းခံ စက်ရုံတစ်ရုံ မီးရှို့ခြင်းခံခဲ့ ရပြီး နိုဝင်ဘာလ ၂၂ ရက်နေ့ ညပိုင်းတွင်လည်း တကူ ရဲကင်းစခန်းကို ဒေသအတွင်းရှိ ဓူဝံတော်လှန်ရေးတပ်ဖွဲ့က မိုင်းဆွဲ မီးရှို့ဖျက်ဆီးခဲ့ သေးသည်။

May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာသတ္တုခဲမိုင်း...
May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...