စစ်ပစ္စည်းတင် သင်္ဘော ၂ စီး နှစ်ရက်ဆက်တိုက် ပစ်ခတ် တိုက်ခိုက်ခံရ

စစ်ပစ္စည်းတင် သင်္ဘော ၂ စီး နှစ်ရက်ဆက်တိုက် ပစ်ခတ် တိုက်ခိုက်ခံရ

စစ်ကောင်စီ၏ လက်နက်နှင့် ရိက္ခာများ တင်ဆောင်လာသည်ဟုဆိုသည့် မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း ကသာဘက်သို့ ဆန်တက်လာသော သင်္ဘော ၂ စီးကို ထီးချိုင့် PDF များက နှစ်ရက်ဆက်တိုက် စောင့်ကြို ပစ်ခတ် ခဲ့ကြရာ စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုများ ရှိသည်ဟု ထီးချိုင့် PDF အဖွဲ့ က ပြောသည်။

ဇန္နဝါရီလ ၂ ရက်နေ့ ညနေ ၄ နာရီ အချိန်ခန့်တွင် ပုံတောင်နှင့် ပြဒါးရှင် နှစ်ထပ်သင်္ဘော နှစ်စင်းကို တကောင်း အနောက်ဘက်ကမ်းရှိ တုံးငဲကျေးရွာ အနီးတွင် RPG ဖြင့် နှစ်ချက်၊ 79 လောင်ချာဖြင့် ၆ ချက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ထီးချိုင့် PDF တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထီးချိုင့် PDF တာဝန်ရှိသူ တစ်ဦးက “ပြဒါးရှင်က စက်တစ်လုံး သေသွားလို့ ပုံတောင်က တွဲခေါ်ပြီး မြတောင်မှ ညအိပ်ကြတယ်“ ဟု ပြောသည်။

စစ်ကောင်စီတပ်များက သင်္ဘောပေါ်မှ လက်နက်ကြီးဖြင့် ပြန်လည် ပစ်ခတ်သဖြင့် ကျွန်းကြီးကုန်းကျေးရွာက ပြောင်းပင်ခုတ်နေသည့် အသက် ၄၀ အရွယ်နှင့် အသက် ၂၀ အရွယ် အမျိုးသားနှစ်ဦး လက်နက်ကြီးကျည် ထိမှန် ပြီး သေဆုံးသွားသည် ဟု သိရသည်။

ထို့နောက် ဇန်နဝါရီလ ၃ ရက်နေ့၊ နံနက် ၁၀ နာရီခန့်တွင် ကျောက်မော်ကျေးရွာအနီးတွင် စနှိုက်ပါ၊ 79 လောင်ချာ၊ ရှေ့ထွက် မိုင်းများဖြင့်ပါ  ထီးချိုင့် PDF အဖွဲ့က တပြိုင်တည်း ပစ်ခတ်တိုက်ခိုက်သဖြင့် ပြဒါးရှင် သင်္ဘော အပေါ် ထပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ခန့် ထက်မနည်း ထိခိုက်သေဆုံးနိုင်သည်ဟု PDF တာဝန်ရှိသူတစ်ဦး က အတည်ပြု ပြောသည်။

“ရေကလည်း နည်းနေချိန် ကျနော်တို့ ပူးပေါင်းအဖွဲ့ ၃ နေရာ ခွဲတိုက်တာဆိုတော့ ဆလင်ခန်းက သုံးဦးတော့ သေ သေချာချာထိတာတွေ့တယ်“ ဟု PDF တစ်ဦး က ပြောသည်။

ဇန္နဝါရီလ ၃ ရက်နေ့က အဆိုပါ သင်္ဘောနှစ်စီးသည် ကသာဆိပ်ကမ်းတွင် ကမ်းကပ်နိုင်ပြီဖြစ်သည်။

အဆိုပါ သင်္ဘောအတွင်းမှ စစ်သားဒဏ်ရာရရှိသူ၊ သေဆုံးသူ အလောင်း ၃၀ နီးပါးခန့် သယ်ထုတ်နေသည်များကို တွေ့ခဲ့ရသည်ဟု ကသာ ဒေသခံအချို့က ပြောကြောင်း ထီးချိုင့် PDF သတင်းများတင်နေသည့် လူမှုကွန်ရက်စာ မျက်နှာအချို့တွင် ထုတ်ပြန်ထားသည်။

စစ်ကိုင်းဒေသကြီး၊ ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီ၏ ရိက္ခာလက်နက်တင် သင်္ဘောများကို PDF အဖွဲ့များက တိုက်ခိုက်နိုင်ခဲ့ပြီးနောက် ယခု ဧရာဝတီမြစ်အတွင်း သွားလာသည့် စစ်ကောင်စီ၏ ရိက္ခာလက်နက်တင် သင်္ဘော များကိုပါ တိုက်ခိုက်လာနိုင်ခြင်း ဖြစ်သည်။

ဓါတ်ပုံ - ပုံဟောင်း
July 27, 2026
စစ်တပ်က အင်အားထပ်မံဖြည့်တင်းထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ၇ မိုင်အကွာရှိ ရွှေမင်းဂံရေတပ်...
July 27, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်ခြမ်းရှိ လေးကေ့ကော်မြို့သစ် အနောက်ဘက် ရဲကုန်းနေရာ၌ ပြီးခဲ့သည့်...
July 27, 2026
UWSA ‘ဝ’ အပါအဝင် မဟာမိတ်ညီနောင် အချို့ စစ်တပ်နှင့် တွေ့ဆုံရန် ပြင်ဆင်နေချိန်အတွင်း...
ဓါတ်ပုံ - Soe Than WIN/AFP via Getty Images
July 25, 2026
စစ်တပ် ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်း အခုရက်ပိုင်းအတွင်း စစ်တပ်က...