စစ်ကောင်စီထုတ် ဘီယာများကို ရောင်းဝယ်ခြင်းမပြုရန် KIO မြစ်ကြီးနားခရိုင် သတိပေး

စစ်ကောင်စီထုတ် ဘီယာများကို ရောင်းဝယ်ခြင်းမပြုရန် KIO မြစ်ကြီးနားခရိုင် သတိပေး

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏  မြစ်ကြီးနားခရိုင်တွင် စစ်ကောင်စီတပ်၏ ကျောထောက်နောက်ခံ ထုတ်ကုန်ဘီယာများကို ဝယ်ယူဖောက်ကား သယ်ယူပို့ဆောင်ခြင်းမပြုလုပ်ရန် KIO ဘက်က ဇန်နဝါရီ ၄ ရက်က ထုတ်ပြန်ထားသည်။

အာဏာသိမ်းစစ်တပ်နှင့်အကျိုးတူလုပ်ဆောင်နေသော Myanmar Beer ၊ Dagon Beer နှင့် ABC Beer စသော ထုတ်ကုန်ဘီယာ များကို ၂၀၂၂ ဇန်နဝါရီလ ၁၀ ရက်နေ့နောက်ဆုံးထား၍ ရောင်းဝယ်ခွင့်ပိတ်ပင်လိုက်သည်ဟု KIO မြစ်ကြီးနားခရိုင် အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“မှန်ပါတယ်။ ကျနော်တို့အနေနဲ့ဘာလို့ ဒီလိုလုပ်လာရသလဲဆိုတော့ စျေးကွက်တွေမှာ KIO ဘက်ကနေသတ်မှတ်ထားတဲ့ စည်းမျဉ်းတွေလိုက်နာမှု မရှိဘူး။ နောက်တစ်ခုက လက်ရှိအခြေအနေက စစ်ကောင်စီအုပ်ချုပ်မှုကို ကန့်ကွက်တော်လှန်နေကြတယ်။ အခုပိတ်လိုက်တဲ့ ထုတ်ကုန်ဘီယာတွေက စစ်တပ်ကို အားပေး အားမြောက်တာလည်းဖြစ်တယ်။ ဒါကြောင့် ဒီအချက်တွေကို သေချာညှိနှိုင်းပြီး ဆုံးဖြတ်လိုက်ကြတာဟုတ်တယ်” ဟု ပြောသည်။

ထုတ်ပြန်ချက်တွင် မြစ်ကြီးနားခရိုင်အတွင်းရှိ မြို့တွင်းနှင့် ကျေးလက်ဒေသ အသီသီးရှိသော စားသောက်ဆိုင်၊ ကုန်စုံဆိုင်၊ KTV ၊ Bar နှင့် အခြားဆိုင်မျိုးစုံတို့တွင် ရောက်ချမှုများမပြုလုပ်ကြရန်နှင့် မြစ်ကြီးနားမြို့မှ ပူတာအိုနှင့် တနိုင်းသွားလမ်းစသော လမ်းမကြီးတစ်လျှောက်တွင် ပို့ဆောင်ခြင်းများမပြုလုပ်ကြရန် ပါရှိသည်။

သတ်မှတ်ထားသည့် ရက်စွဲနောက်ပိုင်း ရောင်းဝင်ဖောက်ကားမှုများ ဆက်လက်ပြုလုပ်နေသော မည်သည့်ဆိုင်ကိုမဆို တွေ့ရှိပါက ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်းနှင့် သယ်ယူပို့ဆောင်ခြင်းပြုလုပ်သော ကား၊ ဆိုင်ကယ်နှင့် ယာဉ်မျိုးစုံတို့ကို ထိရောက်စွာ အရေးယူပိတ်ပင်မှုများပြုလုပ်သွားမည်ဟု ဆက်လက်ပါရှိသည်။

KIO မြစ်ကြီးနားခရိုင် အုပ်ချုပ်ရေးနယ်မြေတွင် အနောက်ဘက် တနိုင်းလမ်း ဒွမ်ဘုန်းကျေးရွာအထိ၊ မြောက်ဘက် မြစ်ဆုံအထက် ဖုန်အိမ်မြစ်အထိ နှင့် တောင်ဘက် တာပဒေါင်း ဟိုကပ်အထိ ဖြစ်ပြီး မြစ်ကြီးနားမြို့နယ်၊ နောင်းနန့်မြို့နယ်၊ မရမ်း မြို့နယ် နှင့် လဂါဘွမ် မြို့နယ်တို့ ပါဝင်သည်။

Most read this week

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...
September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...