မတ္တရာတွင် ဒလန် ဆိုသူ နှစ်ဦး သေနတ် ပစ်ခံရ၊ တစ်ဦးသေ

မတ္တရာတွင် ဒလန် ဆိုသူ နှစ်ဦး သေနတ် ပစ်ခံရ၊ တစ်ဦးသေ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် စစ်ကောင်စီ သတင်းပေး ဒလန် ဆိုသူ အမျိုးသား နှစ်ဦး သေနတ်ဖြင့် အပစ်ခံရပြီး တစ်ဦး သေဆုံးသည်။

မတ္တရာ မြို့နယ် လက်ဝဲကြီးကျေးရွာ တွင် ဇန္နဝါရီလ ၁ ရက်နေ့၊ ည သန်းခေါင်ခန့်က စစ်ကောင်စီ ခန့် တိရစ္ဆာန်ကု ဆရာဝန် ဦးကြည်လင်း အသက် ၅၀ နှစ် နှင့် ဦးသောင်းကွန့် အသက် ၅၀ နှစ်ခန့်တို့ နှစ်ဦး သေနတ်ဖြင့်အပစ်ခံရခြင်းဖြစ်သည်။

အသက် ၃၀ နှစ် အရွယ် လက်ဝဲကြီးကျေးရွာက ဒေသခံအမျိုးသားတစ်ဦးက “သူတို့က ရွာထဲ စစ်သားတွေ ဝင် မွှေရင် လမ်းပြလုပ်ပေးတာ။ ဦးသောင်းညွန့်ကတော့ အခု အိမ်ပြန်ရောက်နေပြီ” ဟု ပြောသည်။

ဦးကြည်လင်း၏ အိမ်အနီးက လမ်းပေါ်တွင် အပစ်ခံရခြင်းဖြစ်ပြီး အဆိုပါနေရာတွင်ပင် သေဆုံး သွားခဲ့သည်။

သို့သော် ဦးသောင်းညွန့်မှာ ခြေထောက် ကျည်ထိမှန်ပြီး ဆေးရုံသို့ ထိုနေ့ညက ခေါ်သွားရသည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

မတ္တရာမြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးချက်ထုတ်ပြန်ပြီးနောက် စစ်ကောင်စီသတင်းပေး ဒလန် များ အသတ်ခံရသည့် ဖြစ်ရပ်များ အများပြားရှိလာနေသည်ဟု ဒေသခံများက ဆိုသည်။

ဓါတ်ပုံ - ပုံဟောင်း
July 27, 2026
စစ်တပ်က အင်အားထပ်မံဖြည့်တင်းထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ၇ မိုင်အကွာရှိ ရွှေမင်းဂံရေတပ်...
July 27, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်ခြမ်းရှိ လေးကေ့ကော်မြို့သစ် အနောက်ဘက် ရဲကုန်းနေရာ၌ ပြီးခဲ့သည့်...
July 27, 2026
UWSA ‘ဝ’ အပါအဝင် မဟာမိတ်ညီနောင် အချို့ စစ်တပ်နှင့် တွေ့ဆုံရန် ပြင်ဆင်နေချိန်အတွင်း...
ဓါတ်ပုံ - Soe Than WIN/AFP via Getty Images
July 25, 2026
စစ်တပ် ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်း အခုရက်ပိုင်းအတွင်း စစ်တပ်က...