ပူတာအိုတွင် အမျိုးသားတစ်ဦးသေဆုံးနေသည့် ရုပ်အလောင်းတွေ့ရှိ

ပူတာအိုတွင် အမျိုးသားတစ်ဦးသေဆုံးနေသည့် ရုပ်အလောင်းတွေ့ရှိ

ပူတာအိုမြို့နယ် ဆန်ဂေါင်ကျေးရွာ၏ တောတစ်နေရာတွင် အသက် ၃၀ ကျော်ဝန်းရှိ သေဆုံးနေသည့် အမျိုးသားတစ်ဦးအလောင်းတွေ့ရှိရပြီး ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်းတွင် ပူတာအို လူမှုကူညီရေးအဖွဲ့က သွားရောက် သဂြိုလ်ပေးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“သေဆုံးတာက မူးယစ်ဆေးနဲ့လား၊ ကိုဗစ်နဲ့လား သေချာမသိရသေးဘူး။ ဒေသခံတွေပြောတာက မူးယစ်ဆေးနဲ့လို့ ပြောနေကြတယ်။ အကြောင်းကြာလာလို့ သွားရောက်ကူညီပေးခဲ့တယ်”ဟုပြောဆိုသည်။

ဆန်ဂေါင်ကျေးရွာမှာ ပူတာအိုမြို့မှ ၁၀ မိုင်ခန့်ဝေးသည့် နေရာတွင်တည်ရှိပြီး ပူတာအိုဒေသတွင် ကိုဗစ်ကူစက်ပျံ့နှံ့မှုများရှိနေသလို ဒေသအတွင်း မူယစ်ဆေးဝါးသုံးစွဲသူများလည်း အလွန်များပြားနေကြောင်း ဒေသခံများ ပြောဆိုချက်မှသိရသည်။

January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...
January 22, 2026
အမိုး — စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈...