ပူတာအိုတွင် အမျိုးသားတစ်ဦးသေဆုံးနေသည့် ရုပ်အလောင်းတွေ့ရှိ

ပူတာအိုတွင် အမျိုးသားတစ်ဦးသေဆုံးနေသည့် ရုပ်အလောင်းတွေ့ရှိ

ပူတာအိုမြို့နယ် ဆန်ဂေါင်ကျေးရွာ၏ တောတစ်နေရာတွင် အသက် ၃၀ ကျော်ဝန်းရှိ သေဆုံးနေသည့် အမျိုးသားတစ်ဦးအလောင်းတွေ့ရှိရပြီး ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်းတွင် ပူတာအို လူမှုကူညီရေးအဖွဲ့က သွားရောက် သဂြိုလ်ပေးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“သေဆုံးတာက မူးယစ်ဆေးနဲ့လား၊ ကိုဗစ်နဲ့လား သေချာမသိရသေးဘူး။ ဒေသခံတွေပြောတာက မူးယစ်ဆေးနဲ့လို့ ပြောနေကြတယ်။ အကြောင်းကြာလာလို့ သွားရောက်ကူညီပေးခဲ့တယ်”ဟုပြောဆိုသည်။

ဆန်ဂေါင်ကျေးရွာမှာ ပူတာအိုမြို့မှ ၁၀ မိုင်ခန့်ဝေးသည့် နေရာတွင်တည်ရှိပြီး ပူတာအိုဒေသတွင် ကိုဗစ်ကူစက်ပျံ့နှံ့မှုများရှိနေသလို ဒေသအတွင်း မူယစ်ဆေးဝါးသုံးစွဲသူများလည်း အလွန်များပြားနေကြောင်း ဒေသခံများ ပြောဆိုချက်မှသိရသည်။

Most read this week

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...
September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...