ဗန်းမော်မြို့မှ တရားလွှတ်တော်ရှေ့နေတစ်ဦး ပစ်သတ်ခံရ

ဗန်းမော်မြို့မှ တရားလွှတ်တော်ရှေ့နေတစ်ဦး ပစ်သတ်ခံရ

ကချင်ပြည်နယ် ဗန်းမော်မြို့ ခွန်သာရပ်ကွက်မှ တရားလွှတ်တော်ရှေ့နေတစ်ဦး ဒီဇင်ဘာ ၂၃ ရက် နံနက် ၈နာရီဝန်းကျင်တွင် ပစ်သတ်ခံရကြောင်း ဒေသခံများမှ သိရသည်။

” ခေါက်ဆွဲဆိုင်မှာ ခေါက်ဆွဲစားနေတုန်း လူငယ် ၂ ယောက်ဝင်လာပြီး ခေါင်းမှာ တည့်တည့်ပစ်သတ်သွားတာ အဲမှာတင် ဦးနှောက်ပွင့်ထွက်ပြီး ပွဲချင်းပြီးဆုံးသွားပြီ” ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးကပြောသည်။

ပစ်သတ်ခံရသူသည် အသက် (၃၅)ဝန်းကျင် တရားလွှတ်တော်ရှေ့နေ ဦးကျော်သန်းအေးဆိုသူဖြစ်ကာ တပ်ကလေးရပ်ကွက်ရှိ ရွှေခွန်သာ လက်ဖက်ရည်ဆိုင်နှင့် ကပ်လျက် ခေါက်ဆွဲဆိုင်တွင် ခေါက်ဆွဲစား‌ နေစဉ် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ပစ်သတ်သွားသည့် လူငယ် ၂ ဦးသည် မည်သူမည်ဝါ မည်သည့်အဖွဲ့အစည်းမှဖြစ်ကြောင်း မသိရှိရသေးသော်လည်း အဆိုပါ ပစ်သတ်ခံရသူသည် ကြံ့ခိုင်ရေးပါတီအား အားပေးထောက်ခံသူတစ်ဦးဖြစ်ကြောင်း ဒေသခံတစ်ဦးက ယခုလိုပြောသည်။

” ပစ်သွားတာ ဘယ်သူတွေလဲ ဘယ်အဖွဲ့ကလဲတော့ မသိရဘူး သတ်ခံရတဲ့သူကတော့ စစ်ကောင်စီကို သတင်းတွေ ပေးနေတဲ့သူ ကြံ့ခိုင်ရေးပါတီရဲ့ အမာခံပါတီဝင်ဟုတ်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့ပြင် ပစ်သတ်ခံရသည့် တရားလွှတ်တော်ရှေ့နေဦးကျော်သန်းအေးသည် နိုင်ငံရေးအမှုများအား စစ်ကောင်စီဘက်မှ ရှေ့နေလိုက်ပေးသူတစ်ဦး ဖြစ်ကြောင်း ၎င်း ကဆက်ပြောသည်။

သေဆုံးသူ၏ အလောင်းအား ဗန်းမော်နာရေးအသင်းမှ လာရောက်သယ်ဆောင်သွားပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရပ်ကွက်အတွင်း စစ်ကောင်စီတပ်မှ စစ်ဆေးမေးမြန်းမှုများပြုလုပ်နေသည့်အပြင် ဗန်းမော်မြို့တွင်းရှိ နာရီစင်နှင့် တရုတ်တန်း လမ်းသွားလမ်းလာများ၏ ဖုန်းများ ဆိုင်ကယ်တူးဘောက်များအား ရှာဖွေစစ်ဆေးနေကြောင်း သိရှိရသည်။

July 30, 2026
အမေရိကန် ပြည်ထောင်စုတွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဥပဒေစိုးမိုးရေးအဖွဲ့ (ICE) က ကချင်...
July 30, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့တွင် စစ်ရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများကြောင့် ကြက်ဥ...
July 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ ခွန်ဆာကုန်းကျေးရွာ ကားကြီးကွင်းအနီးတွင်...
July 24, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ်၊ ရှိန်းခေါင်ကျေးရွာဘက်သို့ စစ်ဘေးရှောင်လာကြသည့် အမတ်ပေါ်ကျေးရွာ...