ဖားကန့်မြေပြိုမှု လူတစ်ဦး အလောင်းသာ တွေ့ရှိသေး

ဖားကန့်မြေပြိုမှု လူတစ်ဦး အလောင်းသာ တွေ့ရှိသေး

ဖားကန့် ၊ လုံးခင်းအုပ်စု၊ မှော်စီစာဘက် ဒီဇင်ဘာ ၂၂ ရက် နံနက်ပိုင်းက မြေစာပုံထပ်မံပြိုကျရာတွင် ရေမဆေးလူဦးရေ ဆယ်ချီပါသွားသော်လည်း ညနေပိုင်းအထိ အလောင်း ၁ လောင်းသာ တွေ့ရှိရသေးကြောင်း သိရသည်။

စစ်ကောင်စီဘက်က ဖားကန့်ကျောက်စိမ်းတူးဖော်မှုများရပ်တန့်ထားမည်ဟုဆိုသော်လည်း လက်ရှိမြေပြင်တွင် ပုံမှန်တူးဖော်နေကြပြီး ယခုအပတ်အတွင်း မြေစာပုံပြိုကျမှု ၂ ကြိမ်ဆက်တိုက်ဖြစ်ပွားခဲ့ရာ လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

လူမှုကယ်ဆယ်ရေးအဖွဲ့ အသီးသီးက အခင်းစတင်ဖြစ်ပွားသည့် နံနက် ၉နာရီဝန်းကျင်ခန့်မှစတင်၍ ရှာဖွေရေးလုပ်ငန်း စတင်ခဲ့ရာ အလောင်း ၁ လောင်းသာတွေ့ရှိခဲ့ပြီး ညနေပိုင်း ၄ နာရီတွင် ပထမရက် ရှာဖွေရေးလုပ်ငန်းရပ်နားလိုက်ပြီဟု ဖားကန့်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုသည်။

“သေတဲ့ အလောင်းက ၁ ယောက်ဘဲတွေ့သေးတယ်။ အဲ့ ၁လောင်းက မနက်ပိုင်းက တွေ့တယ်။ ညနေပိုင်းအထိတော့ ပြန်မတွေ့တော့ဘူး။ ဒီနေ့အတွက် ရှာဖွေမှုက ရပ်နားလိုက်ပြီ။ နက်ဖြန်မှ နောက်တစ်ရက်ပြန်ရှာမယ်ထင်တယ်”ဟု ၄င်းက ပြောဆိုခဲ့သည်။

ခန့်မှန်းခြေ လူ ၃၀ နှင့် ၄၀ အကြား ပျောက်ဆုံးနေကြောင်း မိသားစုဝင်များက မြေစာပုံပြိုကျခဲ့သည့်နေရာတွင် လာရောက်စောင့်ဆိုင်းနေသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။

သို့ရာတွင် မှော်ဒေသအလိုက် လူဦးရေစာရင်းကို ယခင်ကဲ့သို့ တာဝန်ယူ ဆောင်ရွက်ပေးသူမရှိသည့်အတွက် ပျောက်ဆုံးသည့်စာရင်းကို တိတိကျကျမသိရပေ။  

“အခုလောလောဆယ်အထိ ပျောက်ဆုံးတဲ့ စာရင်းအတိအကျကောက်လို့မရသေးဘူး။ အုပ်ချုပ်ရေးဌာနကလည်း ဒီအပိုင်းကို သေချာ မလုပ်ပေးနိုင်ဘူး။ အခုက လူပျောက်ပြီး လာစောင့်နေကြတဲ့သူတွေဘဲ မြင်တွေ့နေရတယ်”ဟု ဆက်ပြောသည်။

ယနေ့နံနက် အစေားပိုင်း ၄နာရီဝန်းကျင်တွင် သာယာကုန်းနှင့် အောင်သာယာ (၂)ကြားရှိ စိန်စိန်ကုမ္ပဏီလုပ်ကွက်နေရာတွင် ပေ ၁၀၀ ခန့်ရှိသည့် မြေစာပုံပြိုကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုနေရာတွင် ရေမဆေးသမား ၈၀ ဝန်းကျင်ခန့် ပါသွားသည်ဟုလည်း မျက်မြင်ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၉ ရက်နေ့ကလည်း ဆိပ်မူအုပ်စု ဆိုင်းဂျာဘွမ့်ကျေးရွာတွင် မြေစာပုံပြိုကျမှုဖြစ်ပွားခဲ့ပြီး ထိုအဖြစ်အပျက်တွင်ပျောက်ဆုံးနေသည့် လူ ၅ ဦးအနက် ၃ ဦး၏ အလောင်းကို ယနေ့  ပြန်လည်တွေ့ရှိရကြောင်း သိရသည်။

Most read this week

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...
September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...