နောင်မွန်တွင် ရဲတပ်သားများ၏ အမျိုးသမီးများကို စစ်သင်တန်းပို့ချနေ

နောင်မွန်တွင် ရဲတပ်သားများ၏ အမျိုးသမီးများကို စစ်သင်တန်းပို့ချနေ

ပူတာအိုခရိုင်၊ နောင်မွန်မြို့တွင် စစ်ကောင်စီ ရဲတပ်သားများ၏ အမျိုးသမီးများကို ဒီဇင်ဘာလဆန်းပိုင်းအတွင်းမှစတင်ကာ စစ်သင်တန်းပို့ချပေးနေကြောင်းသိရသည်။

စစ်သင်တန်းတက်နေသည့် အမျိုးသမီးများကို ရှေ့တန်းလုံခြုံရေးအတွက် လိုအပ်သည်ဟု ပြောဆိုကာ ရဲအရာရှိ တာဝန်ရှိသူများက သင်ကြားပေးနေသည်ဟု နောင်မွန်ဒေသခံတစ်ဦးထံမှသိရသည်။

“နီးစပ်တဲ့ သူတွေကို မေးကြည့်တော့ ရှေ့တန်းထွက်ရင် စခန်းတွေကို လုံခြုံရေးယူပေးနိုင်ဖို့လို့ပြောတယ်။ ပြီးရင် ခုခံကာကွယ်နိုင်ဖို့လို့လည်းပြောတယ်။ အဲ့လောက်ဘဲသိရတယ်”ဟု ပြောဆိုသည်။

လက်ရှိ စစ်သင်တန်းတက်နေသည့် အမျိုးသမီးများ ၁၇ ဦးခန့်ရှိပြီး အသက် ၅၀ နှစ်အောက်ရှိသူများသာ ဖြစ်ကြသည်ဟု ဆက်ပြောသည်။

စစ်သင်တန်းကာလမှာ ၁လ ခန့်သာ ကြာမြင့်နိုင်ပြီး နောင်မွန်မြို့၏ မြို့နယ် ရဲစခန်းအတွင်းမှာ သင်ကြားပို့ချပေးနေကြောင်း သိရသည်။

နောင်မွန်ဒေသတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ဌာနယ်ပြည်သူ့စစ်အဖွဲ့ကလည်း ထိုဒေသရှိ လူငယ်များကို စည်းရုံးကာ စစ်သင်တန်းပို့ချမှုများ ၂ ကြိမ် ထက်မနည်းပို့ချခဲ့ပြီး ဖြစ်သည်။

May 5, 2026
အမိုး — စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ Star Link Wifi...
May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...
April 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က အမျိုးသားညီညွတ်ရေးအစိုးရ NUGသိမ်းပိုက်ထားတဲ့...
April 29, 2026
ဖားကန့်မှာ စစ်တပ်ဖမ်းဆီးသွားတဲ့ မိုင်(Mai) ဆေးရုံက ဆေးဆရာဝန်တစ်ချို့နဲ့ ဥရုဆွတ်အောင်တည်းခိုခန်းက...