နောင်မွန်တွင် ရဲတပ်သားများ၏ အမျိုးသမီးများကို စစ်သင်တန်းပို့ချနေ

နောင်မွန်တွင် ရဲတပ်သားများ၏ အမျိုးသမီးများကို စစ်သင်တန်းပို့ချနေ

ပူတာအိုခရိုင်၊ နောင်မွန်မြို့တွင် စစ်ကောင်စီ ရဲတပ်သားများ၏ အမျိုးသမီးများကို ဒီဇင်ဘာလဆန်းပိုင်းအတွင်းမှစတင်ကာ စစ်သင်တန်းပို့ချပေးနေကြောင်းသိရသည်။

စစ်သင်တန်းတက်နေသည့် အမျိုးသမီးများကို ရှေ့တန်းလုံခြုံရေးအတွက် လိုအပ်သည်ဟု ပြောဆိုကာ ရဲအရာရှိ တာဝန်ရှိသူများက သင်ကြားပေးနေသည်ဟု နောင်မွန်ဒေသခံတစ်ဦးထံမှသိရသည်။

“နီးစပ်တဲ့ သူတွေကို မေးကြည့်တော့ ရှေ့တန်းထွက်ရင် စခန်းတွေကို လုံခြုံရေးယူပေးနိုင်ဖို့လို့ပြောတယ်။ ပြီးရင် ခုခံကာကွယ်နိုင်ဖို့လို့လည်းပြောတယ်။ အဲ့လောက်ဘဲသိရတယ်”ဟု ပြောဆိုသည်။

လက်ရှိ စစ်သင်တန်းတက်နေသည့် အမျိုးသမီးများ ၁၇ ဦးခန့်ရှိပြီး အသက် ၅၀ နှစ်အောက်ရှိသူများသာ ဖြစ်ကြသည်ဟု ဆက်ပြောသည်။

စစ်သင်တန်းကာလမှာ ၁လ ခန့်သာ ကြာမြင့်နိုင်ပြီး နောင်မွန်မြို့၏ မြို့နယ် ရဲစခန်းအတွင်းမှာ သင်ကြားပို့ချပေးနေကြောင်း သိရသည်။

နောင်မွန်ဒေသတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ဌာနယ်ပြည်သူ့စစ်အဖွဲ့ကလည်း ထိုဒေသရှိ လူငယ်များကို စည်းရုံးကာ စစ်သင်တန်းပို့ချမှုများ ၂ ကြိမ် ထက်မနည်းပို့ချခဲ့ပြီး ဖြစ်သည်။

January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...
January 22, 2026
အမိုး — စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈...