ဆွမ်ပရာဘွမ်မြို့နယ်တွင် ငှက်ဖျားရောဂါကူးစက်မှုများပြား

ဆွမ်ပရာဘွမ်မြို့နယ်တွင် ငှက်ဖျားရောဂါကူးစက်မှုများပြား

ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ် ကျေးလက်ဒေသများတွင် ငှက်ဖျားရောဂါ ကူးစက်ဖျားနမှု များပြားလာပြီး သေဆုံးမှုအထိရှိလာနေကြောင်း ကချင်နယ်လှည့် ကျန်းမာရေးလုပ်သားအဖွဲ့ ထံမှ သိရသည်။

ကချင်နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့ (Back Pack) သည် ပြီးခဲ့တဲ့အပတ် ဆွမ်ပရာဘွမ်မြို့နယ်သို့ လိုက်လံ ဆေးကုသမှုပေးခဲ့ပြီးနောက် ထိုဒေသရှိပြည်သူများ၏ ကျန်းမာရေးအခြေအနေနှင့်ပတ်သက်ပြီး (Back Pack) အဖွဲ့မှတာဝန်ရှိသူ Mr. Zet က ပြောသည်။

၄င်းက “ အယောက် ၁၀၀ ကို စစ်ဆေးရင် ၂၀ က ငှက်ဖျားရောဂါ ဖြစ်နေတယ်။ ငှက်ဖျားစစ်ဆေးတာကို ကျနော်တို့က RDT နဲ့ပဲ စစ်ဆေးတယ်။ ဖျားနာသူ ၁၀၀ မှာ ၂၀ က ငှက်ဖျားရောဂါဖြစ်နေတယ်ဆိုတော့ ကျနော်တို့အတွက် စိန်ခေါ်မှုတစ်ခုဖြစ်လာတယ်။ ငှက်ဖျားနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက ကူညီပေးမလဲဆိုတာတွေကို ကျနော်တို့အနေနဲ့ နည်းလမ်းရှာရမဲ့သဘောရှိလာတယ်။ ဒီအရာနဲ့ပတ်သက်ပြီး ကူညီထောက်ပံ့ပေးစေလိုတယ်။”ဆိုသည်။

ဆွမ်ပရာဘွမ်ဒေသ ကျန်းမာရေးစောင့်ရှောက် ပေးနေသော Kachin Back Pack ကျန်းမာရေး လုပ်သားများ

ဆွမ်ပရာဘွမ်မြို့နယ်အတွင်း ဆွမ်ပီယန်၊ ခင့်ဒူယန် စသည့် ကျေးရွာများတွင် ငှက်ဖျားရောဂါခံစားနေရသူအများအပြားရှိနေပြီး ရောဂါကြောင့် သေဆုံးသူလည်းရှိနေကြောင်း သိရသည်။

ထို့အပြင် ဖျားနာမှုဖြစ်ပွားနေသော နေရာများတွင် ငှက်ဖျားဆေးရှိသော်လည်း ရက်လွန်နေသောကြောင့် NGO အဖွဲ့အစည်းများအနေဖြင့် အမြန်ဆုံးကူညီပေးသင့်ကြောင်း သူက တိုက်တွန်းပြောဆိုထားသည်။

မြို့နှင့် ဝေးပြီး လမ်းခရီးဝေးလံခေါင်ဖျားသော တောင်ပေါ်ဒေသများဖြစ်သောကြောင့် ၎င်းဒေသများတွင် ကျန်းမာရေး အမြင်ဖွင့်သင်တန်းများ ပေးရန် လိုအပ်နေသည်ဟု Back Pack မှ Mr. Zet က ပြောသည်။

“အသိပညာ၊ အမြင်ဖွင့်သင်တန်းတွေပေးဖို့ လိုအပ်နေတဲ့ ဒေသတွေက ဘယ်နေရာလည်းဆို ဆွပ်ပရာဘွမ်မြို့နယ်တွင်းရှိ ဒေသကျေးလက် ကျေးရွာတွေမှာ အများကြီးလိုအပ်နေတယ်။ ဒါက ကျနော်တို့ကိုယ်တိုင် ရောက်ရှိပြီး သိရတဲ့ အတွေ့အကြုံဖြစ်တယ်။ ကျန်းမာရေးအတွက် ဆေးခန်းမရှိဘူး။ ဆေးရုံမရှိဘူး။ ဖျားနာလာတဲ့အချိန် ဆေးရုံ၊ ဆေးပေးခန်းမရှိတာကြောင့် ဘယ်မှာသွားပြရမလဲ သွားကုရမလဲ သူတို့အတွက် အခက်အခဲကြီးတစ်ခုဖြစ်နေတယ်။ ဒါကြောင့် အဲ့ဘက်ကဒေသခံပြည်သူများအတွက် မဖျားအောင်ပဲ ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတဲ့ အမြင်ဖွင့်သင်းတန်းတွေကို သာ များများလုပ်ဆောင်ပေးနိုင်ရင်တော့ ပိုပြီးတော့ လက်ရှိနိုင်ငံရေး အကြပ်အတည်းကြား ပိုပြီး ထိရောက်၊ အဆင်ပြေတဲ့ ဖြေရှင်းနည်းဖြစ်လိမ့်မယ်လို့ မြင်တယ်။”ဟု ၄င်းက ဆက်ပြောသည်။

ဆွမ်ပရာဘွမ်ဒေသ ကျန်းမာရေးစောင့်ရှောက် ပေးနေသော Kachin Back Pack လုပ်သားများ ကချင်နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့ KBHWT သည် အစိုးရလက်လှမ်းမမှီသော တောင်ပေါ် ကျေးရွာဒေသများတွင် အခမဲ့ ကျန်းမာရေးလိုက်လံစောင့်ရှောက်ပေးနေသော အဖွဲ့တစ်ခု ဖြစ်သည်။

Most read this week

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...
September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...