ဝမ်တိန်-ကျင်စန်းကျော့ နယ်စပ် အကူးခေါက် တိုငှားခ သိန်း ၁၀၀ ကျော် ကုန်ကျနေရလို့ အခက်အခဲ ဖြစ်နေ

ဝမ်တိန်-ကျင်စန်းကျော့ နယ်စပ် အကူးခေါက် တိုငှားခ သိန်း ၁၀၀ ကျော် ကုန်ကျနေရလို့ အခက်အခဲ ဖြစ်နေ

တရုတ်မြန်မာနယ်စပ် ဝမ်တိန်မှ ကျင်းစန်းကျော့ (လွယ်အင်) အထိ နယ်စပ်ဖြတ်ကျော်ရန် တရုတ်ကားများကိုဌားရမ်းရာတွင် တခေါက်ကို မြန်မာငွေ သိန်း ၁၀၀ ကျော် ကုန်ကျနေရတာကြောင့် ကုမ္ပဏီကြီး သာမန် မြန်မာ လုပ်ငန်းရှင်များအနေနဲ့ ခက်ခဲနေကြတယ်လို့ တရုတ်-မြန်မာ နယ်စပ် မြန်မာကုန်သည်၊ လုပ်ငန်းရှင်တွေဆီက သိပါရတယ်။

ဒီဇင်ဘာ ၁၄ ရက်နေ့ရရှိထားတဲ့သတင်းတွေအရ တရုတ်ခေါက်တိုကားခမှာ ယွမ် ၄၀,၀၀၀ ဖြစ်သွားတာကြောင့် နယ်စပ်ခြံစည်းရိုး ကျော်ရုံမျှသွားလာစရိတ်မှာ မြန်မာကျပ်ငွေ ကာလ ပေါက်ဈေး သိန်း ၁၀၀ ကျော်ကုန်ကျနေကြောင်း ယာဉ်မောင်းတစ်ဦးက အခုလိုပြောပါတယ်။

“စပေါ်ငွေ တရုတ်ငွေ ယွမ် ၄၀၀၀၀ လေ။ ကုန်သည်တွေ သေပြီပေါ့ဗျာ။ စပေါ်ငွေယူပြီး အလုပ်ကို အလုပ်နဲ့တူအောင် မလုပ်တာ။ မန္တလေး ကနေ ဖရဲတင်လာတဲ့ကား တရုတ်ထဲအရောက် သိန်း ၁၀၀ မရဘူး။ ကုန်သည် အဆင်ပြေမှ ကားသမား အဆင်ပြေမှာလေ” လို့ ယာဉ်မောင်း ၁ ဦးက ပြောပါတယ်။

ကုန်သည်တွေ ပိုနစ်နာနေရပြီး ‌ခေါက်တိုခ ဈေး အဆမတန်မြင့်မားနေတာကြောင့် နစ်နာစရာရှိတော့ ကုန်သည်နဲ့ ပြည်သူ လူထုပဲ နစ်နာကုန်တာ လို့ဆိုပါတယ်။

ဒါ့အပြင် ကျင်စန်းကျော့ (လွယ်အင်) ကနေ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အထိ ကုန်ကျစရိတ် ၁၄ သိန်း ဝန်းကျင်ခန့် ထပ်မံရှိသေးကြောင်း နယ်စပ် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

ဒီက‌နေ့ ဒီဇင်ဘာလ ၁၄ ရက်မှာ ထပ်တိုးလာတာကတော့ တရုတ်ထဲ ဝင်မယ့် ကားတွေကိုလည်း ကျန်းမာရေး ဆေး စစ်ရမယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာလ ၇ ရက်နေ့က သက်ဆိုင်ရာ ကုန်သွယ်ရေးဌာနတွေနဲ့ လုပ်ငန်းရှင်ကုန်ကျစရိတ် လျှော့ပေးဖို့ ဈေးနှုန်း ဆွေးနွေး ညှိနှိုင်းခဲ့တာ ရှိပေမယ့် ဒီကနေ့ ဒီဇင်ဘာလ ၁၄ ရက်မှာတော့ ခေါက်တိုခ ယွမ် ၃၅,၀၀၀ ကနေ ယွမ် ၄ သောင်း ဖြစ်သွားတာ လို့ဆိုပါတယ်။

Most read this week

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...
September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...