ကွတ်ခိုင် ပြည်သူ့ဆေးရုံအုပ် ပစ်သတ်ခံရ

ကွတ်ခိုင် ပြည်သူ့ဆေးရုံအုပ် ပစ်သတ်ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ ဝင့်ဝင့်မြိုင် ဒီဇင်ဘာ ၁၄ ရက်ည ၇ နာရီဝန်းကျင်ခန့်က ပစ်သတ်ခံရ‌ကြောင်း သိရပါတယ်။

ဒီဇင်ဘာ ၁၄ ရက်‌နေ့ မုံးစီးဘက်  ကာကွယ်ဆေး သွား‌ရောက်ထိုးနှံပေးခဲ့ပြီးအပြန် မော်ဟန်ရွာနဲ့ ကွတ်ခိုင်ကြား နောင်ချိုရွာနားမှာ ကားကိုတားတာကြောင့် ကားပေါ်က ဆင်းလာတာပြီး ဒူးထောက်ခိုင်းပြီး ‌နဖူး တေ့ပစ်ခံရတဲ့အပြင် အခြားခန္ဓာကိုယ် နေရာ တွေမှာလည်း ၅ နေရာခန့် ပစ်ခတ် ဒဏ်ရာ တွေရတယ်လို့  အမည်မဖော်လို ၁ ဦးက ပြောပါတယ်။

“သူနဲ့ အတူ ကားသမားရယ်၊ နာ့စ် ၃ ယောက်ရယ် သူတို့ ၅ ယောက်။ ကားကိုတားပြီး ဆင်းခိုင်းပြီး သူ့ကိုပဲ ပစ်သတ်သွားတာ။ ကျန်တဲ့ သူတွေကို မော်ဟန်ဘက် ကားနဲ့ ပြန်လှည့်ခိုင်းတယ်လို့ သူတို့ ပြောပြတယ်။ အလောင်းကတော့ လမ်းမှာပဲ။ ည သန်းခေါင်ကျော်မှ သွားကောက်နိုင်တာ။ မနက် ၂ နာရီကျော်မှ ရောက်တယ်။” လို့ သူက ပြောပါတယ်။

မနေ့ည အဆိုပါ အခင်းဖြစ်ပွားပြီးနောက် အဲဒီနေရာကို လူမှုကူညီ‌ရေးအသင်းအချို့ကို အဝင်မခံပဲ ပိတ်ထားတဲ့အတွက် အသင်း ၃ သင်းအတူ ပူးပေါင်းကာသွားရောက် သယ်ယူခဲ့ရတယ်လို့ ဆိုပါတယ်။

ဆေးရုံအုပ် ဒေါက်တာဝင့်ဝင်မြိုင်ဟာ CDM လုပ်ဆောင်နေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို ဖိအားပေး ခြိမ်းခြောက်တဲ့အပြင် ငွေကြေးမတတ်နိုင်သူတွေကိုလည်း ဆေးကုသပေးမှု မပေးချင်သူဖြစ်တယ်လို့ ဒေသခံ‌တွေကြား ပြောဆိုမှုအများအပြားရှိနေပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ပြည်သူ့ဆေးရုံထဲ စစ်ကောင်စီတပ်တွေကို စခန်းချ နေထိုင်ခွင့် ပြုခဲ့တာတွေ၊ ပူးပေါင်းလုပ်ဆောင်ခဲ့တာတွေလည်း ရှိခဲ့တာကြောင့် မနှစ်မြို့သူတွေ အများအပြားရှိတယ်လို့ ဆိုပါတယ်။

Most read this week

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...
September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...