တနိုင်း – ရှင်ဗွေယန်လမ်းမကြီးပေါ်တွင် KIA နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွား

တနိုင်း – ရှင်ဗွေယန်လမ်းမကြီးပေါ်တွင် KIA နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွား

တနိုင်း – ရှင်ဗွေယန် လမ်းမကြီးပေါ် ရှိ လဂျားဘွမ့် (Laja Bum) ကျေးရွာတွင် စစ်အင်အားတိုးချဲ့လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ ယနေ့ နံနက်ပိုင်းတွင် မိုင်းဆွဲခိုက်ခဲ့ကြောင်း သိရသည်။

ယနေ့နံနက် ၇ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့ အင်အား ၈၀ ခန့် လဂျားဘွမ့်ဘက်သို့ တက်လာခဲ့ရာ လဂျားဘွမ့်ကျေးရွာ၏ ရွာထိပ်ပိုင်းရှိ ဒခမ်ခ ( Da Hkam Hka) တံတားအနီးတွင် KIA က ၃ကြိမ်ထက်မနည်း မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု KIA ၏ ရှေ့တန်း သတင်းရင်းမြစ်တစ်ဦးထံမှသိရသည်။

“တိုက်ပွဲ စဖြစ်တာက နံနက်ပိုင်း ၇ နာရီလောက်ကနေ စဖြစ်တယ်။ ကျနော်တို့ KIA ဘက်ကနေ ၃ ကြိမ်လောက် အရင်မိုင်းဆွဲတိုက်တယ်။ ပြီးမှ ၂ဖက်စလုံး လက်နက်ကြီးတွေနဲ့ ပစ်ခတ်ကြတယ်။ အခုချိန်ထိတော့ ထိခိုက်မှုကို အသေးစိတ်မသိရသေဘူး” ဟု ပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် ထိုနေရာတွင် နေ့လည် ၁နာရီဝန်းကျင်အထိ ၂ဖက်တပ် စောင့်ကြည့်ကာ အပြန်အလှန် ပစ်ခတ်မှု ဆက်လက်ဖြစ်ပွားနေသည်ဟုလည်း သူက ဆက်ဆိုသည်။

လက်ရှိအချိန် တနိုင်း – ရှင်ဗွေယန်လမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်နှင့် KIA တို့ တိုက်ပွဲဖြစ်ပွားနေသဖြင့် တရုန်ကျေးရွာအဝင်တွင် သွားလာသည့် ခရီးသည်ယာဉ်များလည်း ပိတ်ဆို့နေကြောင်းသိရသည်။

KIA ၏ မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်ဖွဲ့မှာ ယမန်နေ့က တနိုင်းမြို့ဘက်ကနေ တက်လာသည့် အဖွဲ့ဖြစ်ပြီး ယနေ့နံနက် အစောပိုင်းကတည်းက ရှိန်လုံကျေးရွာမှ ခြေကျင်ဖြင့် လဂျာဘွမ့်ဘက်သို့ တက်လာခဲ့ရာ မိုင်းခွဲတိုက်ခိုက်ခံရခြင်းဖြစ်သည်။

တနိုင်း – ရှင်ဗွေယန် လမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့က KIA ၏ မိုင်းခွဲတိုက်ခိုက်မှုများကိုမကြာခဏကြုံတွေ့နေရပြီး KIA မိုင်းခွဲ တိုက်ခိုက်မှုကြောင့် ပြီးခဲ့သော အောက်တိုဘာလ အတွင်း ၁ ပတ်ခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။

Most read this week

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...
September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...