PDF နှင့်ပတ်သက်သူများကို စုံစမ်းပေးပါက မြေကွက်ပေးမည်ဟု စစ်မူထမ်းဟောင်းများကို စစ်ကောင်စီညွန်ကြားထား

PDF နှင့်ပတ်သက်သူများကို စုံစမ်းပေးပါက မြေကွက်ပေးမည်ဟု စစ်မူထမ်းဟောင်းများကို စစ်ကောင်စီညွန်ကြားထား

ဗန်းမော်မြို့အတွင်းရှိ ပင်စင်ယူထားသည့် စစ်မူထမ်းဟောင်းများအနေဖြင့် ရပ်ကွက်အတွင်းရှိ PDF နှင့်ပတ်သက်သည့် စာရင်းများကို သတင်းပေးပို့ပါက မြေယာပေးမည်ဟု စစ်ကောင်စီမှ ဖုန်းဖြင့်ညွှန်ကြားထားကြောင်း ဒေသခံများထံမှ သိရသည်။

” ဖုန်းတွေလိုက်ဆက်ပြီးပြောတာတဲ့ PDF နဲ့ ဆက်နွယ်တဲ့သူတွေ ပြီးတော့ စစ်ကောင်စီကို တော်လှန်တဲ့သူ‌တွေရဲ့သတင်းတွေ သူတို့ဆီကို ပို့ပေးရင် မြေကွက်တွေပေးမယ်လို့ ပြောတယ်” ဟု ‌အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ဗန်းမော်မြို့အတွင်း  PDF နဲ့ ချိတ်ဆက်သည်ဟု ယူဆသူများအား လိုက်လံဖမ်းဆီးမူများ ပိုမိုလုပ်ဆောင်နေသဖြင့် တစ်ပတ်အတွင်း ဖမ်းဆီးခံရသူ ၉ဦး ထက်မနည်း ရှိပြီဟု သိရသည်။

ထို့အပြင် ဗန်းမော်မြို့ ရပ်ကွက်များတွင် စစ်ကောင်စီတပ်သည် အရပ်ဝတ်ဖြင့် သတင်းစုံစမ်းမှုများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများပြောသည်။

” ခုကြားရတာတော့ တစ်ချို့တွေက သူတောင်းစားယောင်ဆောင်ပြီး သတင်းယူတာမျိုး အရပ်ဝတ်နဲ့ သတင်းယူတာမျိုး‌တွေ လုပ်နေတယ်လို့ သိရတယ်။ အဲကြောင့်ထင်တယ် ဖမ်းခံရတဲ့သူကလည်း ပိုများလာတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဗန်းမော်မြို့သည် ဧရာဝတီမြစ်ကမ်းဘေးတွင်တည်ရှိပြီး ပြီးခဲ့သည့်လပိုင်းများက မြို့တွင်းပေါက်ကွဲမှုများကို လုပ်ဆောင်ခဲ့ကြောင်း PDF သတင်းစာမျက်နှာများက ထုတ်ပြန်ချက် ထုတ်ခဲ့သည်။

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...