သိန္နီတိုးဂိတ်မှာ တိုက်ပွဲဖြစ်ပွားပြီး ကားသမား ၂ ဦးအပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရ

သိန္နီတိုးဂိတ်မှာ တိုက်ပွဲဖြစ်ပွားပြီး ကားသမား ၂ ဦးအပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းမြောက် သိန္နီ ပန်လော့တိုးဂိတ်မှာ ဒီဇင်ဘာလ ၇ ရက်ည ၇ နာရီခွဲ ဝန်းကျင်ခန့်က ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် တိုးဂိတ် ဝန်ထမ်း ၁ ဦး နှင့် ကားဆရာ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိထားကြောင်း ဒေသခံများထံမှ သိရသည်။

“အသံတွေ မှ အုန်းဒိုင်းနဲ့ ပဲ။ ကျည်ဆံ ငါတို့ နေတဲ့ အိမ် ထိရောက်တယ်။” ဟု အနီးနား နေထိုင်သူတစ်ဦးက ပြောသည်။

သိန်းနီ အနီး ပစ်ခတ်သံများ ကြားခဲ့ရကြောင်း ၁၀၅ မိုင်ကနေ ပြန်လှည့်လာတဲ့ ဖရဲသီးတင်ကားသမား တစ်ဦးကလည်း ပြောသည်။

“၆ ခွဲ ကတည်းက တိုက်ပွဲ ဖြစ်တာ။ ၁ နာရီ လောက်ပေါ့။ ထိခိုက် ၃ ဦး။ သိန္နီတိုးဂိတ်ပါ။ တိုးဂိတ်မှာ စစ်ကောင်စီတွေ ရှိတယ်။ ဘယ်အဖွဲ့နဲ့ တိုက်ပွဲ ဖြစ်တာလဲ ဆိုတာကိုတော့ မသိရပါဘူး။ ခုထိပဲ။” ဟု ဒေသခံ ၁ ဦးက ပြောသည်။

“ကား ၂ စီး ထိတယ်။ ၁ စီးက သားအဖ ၂ ယောက် မောင်းလာတာ။ အိမ်ရှေ့လာရပ်ထားတယ်။ ၂ ယောက်လုံး ထိတယ်။  ၁ စီးက ၁ ယောက်ထဲ မောင်းလာတာ။ ခြေထောက် ကျည်ထိပြီး သတိလစ်သွားတယ်။ သူက သူ့ကားနဲ့သူ တိုးဂိတ်မှာ ကျန်ခဲ့ရပြီး အခြေအနေကောင်းမှ လူကို သွားယူပြီး ဆေးရုံပို့တာ။ ခုဏတော့ သူတို့ကွန်ပြူတာ ထိုင်ခန်းလေး၂ ဖက်လုံး မီးလောင်နေပါတယ်။ အခုတော့ ငြှိမ်းလိုက်ပြီ။” ဟု ၄င်းက ဆက်သည်။

စစ်ကောင်စီတပ်များ စစ်ကြောင်းအင်အားတိုးချဲ့ထားပြီး မြို့နဲ့ နီးကပ်နေတာကြောင့် ပြည်သူများအနေဖြင့် ဂရုစိုက်ဖို့ သိန္နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း အသိပေး ထားသည်။

May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...
May 5, 2026
အမိုး — စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ Star Link Wifi...
May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...
April 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က အမျိုးသားညီညွတ်ရေးအစိုးရ NUGသိမ်းပိုက်ထားတဲ့...