ဒီပဲယင်းမြို့ အောင်စည်ကျေးရွာအနီး စစ်ကောင်စီတပ်မှ ရဟတ်ယဉ်ဖြင့်ပစ်ခတ်ခဲ့

ဒီပဲယင်းမြို့ အောင်စည်ကျေးရွာအနီး စစ်ကောင်စီတပ်မှ ရဟတ်ယဉ်ဖြင့်ပစ်ခတ်ခဲ့

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အနောက်ဘက်ခြမ်းရှိ၊ အောင်စည်မြေကျေးရွာအနီးတွင် စစ်ကောင်စီတပ်မှ  မြေပြင်လက်နက်ကြီးများအပြင် စစ်ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ခဲ့‌ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။

“ဒီမနက်ပစ်သွားတာပေါ့နော်။ အကျအဆုံးစာရင်းကိုတော့ အခုထိအတည်ပြုလို့ မရသေးပါဘူး ခင်ဗျာ။ နှစ်ဖက်အထိအခိုက်ကတော့ ရှိပါတယ်” လို့ ဒေသခံ သတင်းရင်းမြစ်တစ်ခုဖြစ်သည့် Voice of Depeyin မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် ၇ နာရီဝန်းကျင်မှစကာ ဒီပဲယင်းမြို့နယ်၊ အောင်စည်မြေကျေးရွာသို့ လက်နက်ကြီး အချက် ၅၀ ထက်မနည်း ပစ်ခတ်ကြောင်း၊ နံနက် ၉ နာရီ ၁၅ မိနစ်တွင်မူ စစ်တပ်က ရဟတ်ယာဉ်များဖြင့် အသုံးပြု ပစ်ခတ်ခဲ့ကြောင်း သိရသည်။

 “တိုက်ပွဲဆိုတာထက် သူတို့ဘက်ကနေ လက်နက်ကြီး ပစ်ကူနဲ့ ရဟတ်ယာဉ်နဲ့ စပစ်လို့ ကျနော်တို့ဘက်ကနေ သူတို့လမ်းကြောင်းတွေကိုထောက်ပြီး မိုင်းဆွဲတိုက်ခိုက်တာမျိုးပါ” ဟု ဒေသခံ သတင်းရင်းမြစ် တစ်ဦးက ပြောသည်။

ယင်းကဲ့သို့ စစ်ကောင်စီတပ်၏ ပစ်ခတ်မူကြောင့် အောင်စည်ကျေးရွာပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ထို့ပြင် DPY LC PDFအဖွဲ့ သတိပေးချက်တွင် ပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် လူသားဒိုင်းအဖြစ် အသုံးပြုခံရခြင်းမှ ကာကွယ်ရန် ဒီပဲယင်း – စိုင်ပြင် လမ်းပိုင်း နှင့် အနောက်ဖက်အခြမ်းရှိ မူးဘောင်များကို လုံးဝ အသုံးမပြုကြရန် တိုက်တွန်းထားကာ မိမိဒေသသို့ စစ်ဘေးရှောင်များရောက်ရှိလာပါကလည်း ညီရင်းမောင်နှမသဖွယ် ကူညီစောင့်ရှောက်ကြရန် မေတ္တာရပ်ခံထားသည်။

January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...
January 22, 2026
အမိုး — စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈...