ဒီပဲယင်းမြို့ အောင်စည်ကျေးရွာအနီး စစ်ကောင်စီတပ်မှ ရဟတ်ယဉ်ဖြင့်ပစ်ခတ်ခဲ့

ဒီပဲယင်းမြို့ အောင်စည်ကျေးရွာအနီး စစ်ကောင်စီတပ်မှ ရဟတ်ယဉ်ဖြင့်ပစ်ခတ်ခဲ့

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အနောက်ဘက်ခြမ်းရှိ၊ အောင်စည်မြေကျေးရွာအနီးတွင် စစ်ကောင်စီတပ်မှ  မြေပြင်လက်နက်ကြီးများအပြင် စစ်ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ခဲ့‌ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။

“ဒီမနက်ပစ်သွားတာပေါ့နော်။ အကျအဆုံးစာရင်းကိုတော့ အခုထိအတည်ပြုလို့ မရသေးပါဘူး ခင်ဗျာ။ နှစ်ဖက်အထိအခိုက်ကတော့ ရှိပါတယ်” လို့ ဒေသခံ သတင်းရင်းမြစ်တစ်ခုဖြစ်သည့် Voice of Depeyin မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် ၇ နာရီဝန်းကျင်မှစကာ ဒီပဲယင်းမြို့နယ်၊ အောင်စည်မြေကျေးရွာသို့ လက်နက်ကြီး အချက် ၅၀ ထက်မနည်း ပစ်ခတ်ကြောင်း၊ နံနက် ၉ နာရီ ၁၅ မိနစ်တွင်မူ စစ်တပ်က ရဟတ်ယာဉ်များဖြင့် အသုံးပြု ပစ်ခတ်ခဲ့ကြောင်း သိရသည်။

 “တိုက်ပွဲဆိုတာထက် သူတို့ဘက်ကနေ လက်နက်ကြီး ပစ်ကူနဲ့ ရဟတ်ယာဉ်နဲ့ စပစ်လို့ ကျနော်တို့ဘက်ကနေ သူတို့လမ်းကြောင်းတွေကိုထောက်ပြီး မိုင်းဆွဲတိုက်ခိုက်တာမျိုးပါ” ဟု ဒေသခံ သတင်းရင်းမြစ် တစ်ဦးက ပြောသည်။

ယင်းကဲ့သို့ စစ်ကောင်စီတပ်၏ ပစ်ခတ်မူကြောင့် အောင်စည်ကျေးရွာပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ထို့ပြင် DPY LC PDFအဖွဲ့ သတိပေးချက်တွင် ပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် လူသားဒိုင်းအဖြစ် အသုံးပြုခံရခြင်းမှ ကာကွယ်ရန် ဒီပဲယင်း – စိုင်ပြင် လမ်းပိုင်း နှင့် အနောက်ဖက်အခြမ်းရှိ မူးဘောင်များကို လုံးဝ အသုံးမပြုကြရန် တိုက်တွန်းထားကာ မိမိဒေသသို့ စစ်ဘေးရှောင်များရောက်ရှိလာပါကလည်း ညီရင်းမောင်နှမသဖွယ် ကူညီစောင့်ရှောက်ကြရန် မေတ္တာရပ်ခံထားသည်။

Most read this week

စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC / Crd
September 14, 2026
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)...
မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...
September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...