မြစ်ကြီးနား တရားရုံးရှေ့ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကားများ ထိခိုက်ပျက်စီးမှုရှိ

မြစ်ကြီးနား တရားရုံးရှေ့ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကားများ ထိခိုက်ပျက်စီးမှုရှိ

မြစ်ကြီးမြို့ တရားလွှတ်တော်ရုံး ဆိုင်းဘုတ်ရှေ့တွင် ဒီဇင်ဘာ ၆ ရက်နေ့ နံနက် ၁၁နာရီခွဲဝန်းကျင်ခန့်တွင် ဗုံးပေါက်ကွဲခဲ့ကြောင်း သိရသည်။

အဆိုပါဗုံးပေါက်ကွဲမှု ဖြစ်စဉ်အတွင်း တရားရုံးရှေ့၌ ရပ်ထားသည့် အိမ်စီးကား ၃ စီး ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။

လက်ရှိ တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ကိစ္စနှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းက ပြုလုပ်သွားသည်ကို မသိရဘဲ ထိုနေရာတွင် စစ်ကောင်စီ ရဲများက စစ်ဆေးနေကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်နေ့ကလည်း တရားရုံးရှေ့တွင် အသံမိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

Most read this week

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...
September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...