စစ်ကောင်စီစစ်ကြောင်းကို ရွှေကူမြို့နယ်တွင် KIA မိုင်းခွဲတိုက်ခိုက်

စစ်ကောင်စီစစ်ကြောင်းကို ရွှေကူမြို့နယ်တွင် KIA မိုင်းခွဲတိုက်ခိုက်

ရွှေကူမြို့နယ် တောင်ကတုံးကျေးရွာ၏ အနောက်ဘက်ခြမ်းတွင် စစ်အင်အားတိုးချဲ့လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို နိုဝင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA မိုင်းခွဲ၍ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ရွှေကူမြို့ မြစ်ကြောင်းတစ်လျှောက် ခြေလျင်ဖြင့်တက်လာခဲ့သည့် စစ်ကောင်စီတပ်ကို KIA က မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက် ထိခိုက်မှုရှိနိုင်ကြောင်း ရွှေကူဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောသည်။

ရွှေကူဒေသခံက “ဒီကနေ့ တိုက်ပွဲဖြစ်တာက ရွှေကူမြို့ရဲ့ အထက်ဘက်မှာ ဖြစ်တယ်။ ရွှေကူဘက်ကနေဘဲ စစ်ကြောင်းတက်လာတယ်။ KIA က ကြားဖြတ်ဝင်တိုက်တယ်”ဟု ပြောသည်။

လက်နက်ကြီးများဖြင့် တစ်နာရီခန့်အကြာ ၂ ဖက်တပ် အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုအခြေအနေကို အသေးစိတ်မသိရကြောင်း ၄င်းက ဆက်ပြောသည်။

ရွှေကူမြို့နယ်တစ်ဝိုက်တွင် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသော နေရာဖြစ်သည်။

Most read this week

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...
September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...