အမေရိကန်သံရုံး၏ Women of Change Award ဆုကို ချင်းအမျိူးသမီးအခွင့်အရေးဦးဆောင်လှုပ်ရှားသူ Mai Len Nei Cer ရရှိ

အမေရိကန်သံရုံး၏ Women of Change Award ဆုကို ချင်းအမျိူးသမီးအခွင့်အရေးဦးဆောင်လှုပ်ရှားသူ Mai Len Nei Cer ရရှိ

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ ချီးမြှင့်သော ၂၀၂၁ ခုနှစ် Women of Change Award ဆုကို ချင်းအမျိူးသမီး အခွင့်အရေးလှုပ်ရှားနေသည့် NiNu အဖွဲ့မှ ဒါရိုက်တာ Mai Len Nei Cer က နိုဝင်ဘာလ ၉ ရက်နေ့က လက်ခံရရှိခဲ့သည်။

ယခုကဲ့သို့ Women of Change Award ဆုကို လက်ခံရရှိခြင်းနှင့်ပတ်သက်၍ Mai Len Nei Cer က “ ကျမတို့ ဒီလုပ်လုပ်တာ ၈ နှစ်လောက်ရှိနေပြီ ဒီဆုကိုပေးခြင်းအားဖြင့် ကျမတို့အလုပ်ကို အသိအမှတ်ပြုရာရောက်တယ်လို့ ခံစားရတယ်၊ ဝမ်းသာတယ်၊ လောလောဆယ်မှာ ဘယ်လိုဆက်လုပ်ရမလဲ အခြေအနေတခုထဲရောက်နေတယ်၊ အရှုံးမပေးပဲ တတ်နိုင်တဲ့အပိုင်းကနေ ဆက်ပြီးမှ လုပ်ဖို့ ခွန်အားတစ်ခုဖြစ်စေတယ်” ဟု ခိုနူမ်းသုန်ကိုပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ Women of Change Award ဆုကို လူ့အခွင့်အရေး၊ လူထုကျန်းမာရေး၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝဘေးအန္တာရာယ်ဆိုင်ရာတုံ့ပြန်ဆောင်ရွက်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိ်ုင်ရာ ကဏ္ဍများတိုးတက်လာစေရန် စွမ်းစွမ်းတမံဆောင်ရွက်နေသော အမျိူးသမီးများကို ၂၀၁၇ ခုနှစ်မှစပြီး နှစ်စဉ်ရွေးချယ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

Mai Len Nei Cer က “ ကျမတို့ ချင်းအသိုင်းအဝိုင်းထဲမှာ ကျား/မ တန်းတူညီမျှမှုရှိဖို့အတွက်က အများကြီးလုပ်ဖို့လိုသေး တယ်။ အမျိုးသမီးထုအနေနဲ့ အားလုံး လုပ်ဖို့လိုတယ်အားပေးတဲ့ အမျိုးသားတွေရဲ့ အကူအညီလည်း ကျမတို့လိုအပ်တယ်။” ဟု ပြောသည်။

 

NiNu အဖွဲ့သည် ချင်းအမျိူးသမီးအခွင့်အရေး၊ ကျားမတန်းတူရေး၊ ချင်းအမျိူးသမီးများအား ခွဲခြားဆက်ဆံမှုရှိသော ချင်းအ က်ဥပဒေပြင်ဆင်ရေး စသည့်ကိစ္စရပ်များအား ဦးဆောင်လှုပ်ရှားနေသော အဖွဲ့အစည်းဖြစ်သည့်အပြင် အမျိူးသမီး စွမ်း ရည်မြှင့်သင်တန်းများလည်း ပို့ချပေးနေသည့်အဖွဲ့ဖြစ်သည်။

Most read this week

December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...
December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...