ထန်တလန်မြို့တွင် မိဘမဲ့ဂေဟာနှင့် လူနေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့ထပ်မံမီးရှို့

ထန်တလန်မြို့တွင် မိဘမဲ့ဂေဟာနှင့် လူနေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့ထပ်မံမီးရှို့

 ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်တွင် နိုဝင်ဘာလ ၆ ရက် နံနက် ၅ နာရီခွဲအချိန်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထပ်မံမီးရှို့မှုကြောင့် မိဘမဲ့ဂေဟာ အပါအဝင် လူနေအိမ် ၇ အိမ် မီးလောင်ကျွမ်းပျက်ဆီးသွားသည်ဟု သိရသည်။

“မနက် ၅ နာရီခွဲကနေပြီး စလောင်တာ အမှတ် ၃ ရပ်ကွက်ထဲမှာ ၂ နေရာပါ။ တနေရာက မိဘမဲ့ဂေဟာရှိနေရာ PCH လို့ခေါ်တယ် အဲ့မှာ အိမ် ၃ လုံး၊ လမ်းမကြီးဘေးနား စိုက်ပျိုးရေးရပ်ကွက်မှာ ၄ အိမ် အခုချိန်ထိအတည်ပြုလို့ရတာ” ဟု ထန်တလန်မြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရှို့မီးနှင့် လက်နက်ကြီးများ အကြောင်းမဲ့ပစ်ခတ်မှုကြောင့် လူနေအိမ်များ မီးစတင်လောင်ကျွမ်းခြင်းဖြစ်သည်ဟု သိရသည်။

ထန်တလန်မြို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များမီးရှို့ဖျက်ဆီးသည်မှာ ၃ ကြိမ်ရှိလာပြီး စက်တင်ဘာလ ၁၈ ရက်နေ့က ၂ဝ အိမ်၊ အောက်တိုဘာလ ၂၉ ရက်က ၁၆၄ အိမ်၊ နိုဝင်ဘာလ ၆ ရက်အထိ စုစုပေါင်းအိမ်ခြေ ၁၉၀ ကျော် လောင်ကျွမ်းပျက်ဆီးသွားပြီဖြစ်သည်။

နိုဝင်ဘာလ ၅ ရက်နေ့က ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ထန်တလန်မြို့တစ်နေရာတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...