ချင်းပူးပေါင်းတပ်ဖွဲ့နှင့် တစ်ရက်အတွင်း ၃ နေရာတိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီဘက် ၆ ဦးခန့်သေဆုံး

ချင်းပူးပေါင်းတပ်ဖွဲ့နှင့် တစ်ရက်အတွင်း ၃ နေရာတိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီဘက် ၆ ဦးခန့်သေဆုံး

ချင်းပြည်နယ်တွင် နိုဝင်ဘာလ ၅ ရက်နေ့တစ်ရက်ထဲ မြို့နယ် ၃ နေရာ၌ ချင်းပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တပ်ဖွဲ့တို့နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီ တပ်သား ၆ ယောက်သေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရမိသည်ဟု ချင်းအမျိူးသားတပ်မတော် CNA ပြောခွင့်ရ ဆလိုင်း ထက်နီက ပြောသည်။

“ရေဇွာတပ်စခန်းကို ကျွန်တော်တို့ CNA နဲ့ CDF- Zotung ပူးပေါင်းတပ်ဖွဲ့က ပစ်တယ်။ အဲ့ဒီမှာ စစ် ကောင်စီဖက်က ၄ ယောက်သေပြီးမှ သေနတ် ၁ လက်ရတယ်။ နောက်ကနေဒီတောင်မှာ ပူးပေါင်း တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်တယ်၊ အထိခိုက်တော့ သေချာ မသိဘူး ။ ဒီနေ့ထဲမှာပဲ ထန်တလန်မြို့မှာ တိုက်ပွဲဖြစ်တယ်။ ကျွန်တော်တို့ပူးပေါင်းတပ်ဖွဲ့ဘက်က ဒဏ်ရာ ၂ ယောက်ရတယ် ဒါပေမယ့် ဒဏ်ရာ အကြီးအကျယ်ရရှိတာတော့ မဟုတ်ဘူး” ဟု ဆလိုင်းထက်နီက ပြောသည်။

မတူပီခရိုင်၊ ရေဇွာမြို့ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို CDF-Zotung နှင့် CNA ပူးပေါင်းတပ်ဖွဲ့ဝင်များက နိုင်ဝင်ဘာလ ၅ ရက်နေ့ နံနက် ၉နာရီခွဲခန့်က ဝင်ရောက်တိုက်ခိုက်ကာ မိနစ် ၃၀ ခန့် အပြန်အလှန်ပစ်ခတ်ကြပြီး စကစ တပ်သား ၄ ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

ထို့ပြင် တီးတိန်မြို့နယ်၊ အာလွယ်ရွာနှင့် ဆိုဇံရွာကြားရှိ ကနေဒီတောင်ခြေနားတွင်းလည်း နိုဝင်ဘာလ ၅ ရက်နေ့ မွန်လွဲပိုင်းက ကလေး- ဂန့်ဂေါ-CDF (KKG)၊ (CDM Siyin)၊ PDF-Zoland ပူးပေါင်းတပ်ဖွဲ့တို့နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားကာ စကစတပ်သား ၂ ယောက်သေဆုံးကာ သေနတ် ၂ လက်သိမ်းဆည်းရမိသည်ဟု သိရသည်။

အလားတူ ထန်တလန်မြို့တွင်လည်း ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး ပူးပေါင်း တပ်ဖွဲ့ဖက်မှ ၂ ဦး ဒဏ်ရာရရှိသော်လည်း မစိုးရိမ်ရဟု သိရသည်။

စစ်ကောင်စီသည် ချင်းပြည်နယ်သို့ စစ်အင်အားအလုံးအရင်းတိုးမြင့်လာသည့်နောက်ပိုင်း ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် တိုက်ပွဲဖြစ်ပွားမှု ခတ်စိတ်စိတ်ဖြစ်လာပြီး တီးတိန်၊ ဖလမ်း၊ ဟားခါး၊ ထန်တလန်၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်မြို့ နယ်တို့တွင် ယခုရက်ပိုင်းအတွင်း ၉ ကြိမ်ထက်မနည်း တိုက်ပွဲဖြစ်ပွားကာ ချင်းပြည်နယ်တွင် အနော်ရထာစစ်ကြောင်း စစ်ဆင်ရေးကို စစ်ကောင်စီက စတင်နေပြီဖြစ်ကြောင်း ဆလိုင်း ထက်နီက ပြောသည်။

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...