ကလေးမြို့နယ် လူနေအိမ်များမှ အဖိုးတန်ပစ္စည်းများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ခိုးယူသွား

ကလေးမြို့နယ် လူနေအိမ်များမှ အဖိုးတန်ပစ္စည်းများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ခိုးယူသွား

ကလေးမြို့နယ်တောင်ပိုင်း၊ ကလေး-ဂန့်ဂေါ ကားလမ်းမပေါ်ရှိ မှန်တောကျေးရွာ လူနေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖောက်ထွင်းပြီး အဖိုးတန်ပစ္စည်းများကို ခိုးယူသယ်ဆောင်သွားသည်ဟု PDF-Kalay သတင်းထုတ်ပြန်ချက်အရ သိရသည်။

နိုဝင်ဘာလ ၄ ရက်နေ့က ကလေးမြို့ဘက်မှ တောင်ပိုင်းကို ထွက်ခွာလာသော စစ်ကောင်စီကား ၃၀ ကျော်ပါဝင်သည့် စစ်ယာဉ်တန်းမှာ ညနေ ၆ နာရီဝန်းကျင်တွင် မှန်တောကျေးရွာအတွင်း ဝင်ရောက်ပစ်ခတ်သည့်အပြင် ရွာအတွင်းရှိ လူနေအိမ် ၁၁ အိမ်အတွင်းမှ ရွှေ၊ ငွေ၊ ဆိုင်ကယ်၊ အိမ်သုံးဆောင် အဖိုးတန်ပစ္စည်းများယူဆောင်သွားရာတွင် ခန့်မှန်းချေတန်ဖိုး သိန်း ၂၀၀ ခန့်ရှိသည်ဟု ဖော်ပြထားသည်။

၎င်းအပြင် မှန်တောကျေးရွာမှ နာတာရှည်ရောဂါဝေဒနာခံစားနေရသော ဦးနိုင်နိုင်နေအိမ်မှ အောက်ဆီဂျင်စက် အကြီးတစ်လုံး ယူဆောင်သွားသည့်အပြင် တောင်သူဦးဒုတ်ထောင်းထံမှ နွားရောင်းချငွေ ၂၁ သိန်းကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခြိမ်းခြောက်လုယူသွားကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

နိုဝင်ဘာလ ၅ ရက်နေ့ မနက် ၈ နာရီခွဲက ကလေးမြို့ဘက်မှ တောင်ပိုင်းကို ဦးတည်လာသော စစ်ယာဉ်တန်း ၃ စီးကို သာယာကုန်းရွာနှင့် ထောက်ကြံရွာကြားတွင် ကလေး-PDF တပ်ဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကားကြီး ၁ စီး ထိမှန်ကာ စစ်ကောင်စီတပ်ဖွဲ့ ၂ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူအများအပြားရှိသည်ဟု သိရသည်။

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...