မင်းတပ်-မတူပီကြားတိုက်ပွဲ စကစ ၂၅ ဦးခန့်သေဆုံး

မင်းတပ်-မတူပီကြားတိုက်ပွဲ စကစ ၂၅ ဦးခန့်သေဆုံး

မင်းတပ်-မတူပီလမ်း မိုင်တိုင် ၆ မိုင် အကျော်တွင် နိုဝင်ဘာ ၄ ရက်နေ့ နံနက် ၈ နာရီခွဲခန့်က စစ်ကြောင်းထိုး လာသော စစ်ကောင်စီတပ်နှင့် CDF-MINDAT တိုက်ပွဲဖြစ်ပွားခဲ့ရာ CDF-MINDAT ထောင်ထားသော ပဒေသာမိုင်းကြောင့် စကစ ၅ ဦး ခန့်သေဆုံးပြီး ဒဏ်ရာရသူများရှိသည်။

ယင်းပဒေသာမိုင်းခွဲချိန်တွင် မှိုင်းတိုက်သွား၍ ကောင်းကောင်း မမြင်ရဘဲမှန်းပြီးခွဲလိုက်ရာတွင် အနည်းငယ်စောသွားသည့် စကစများ အထိနည်းခဲ့သည်ဟု သိရသည်။

ထို့နောက် မင်းတပ်-မတူပီ မိုင်တိုင် ၄၃ တွင် သံချပ်ကာကားပါ စကစ ယဉ်တန်းရှည်ကို CDF-MINDAT က ရှေ့နောက်ညှပ်တိုက်ရာ စကစ ၂၀ ဦးခန့်ကျဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိခဲ့သည်။

အနောက်‌ဘက်မှတိုက်သူများက စကစယဉ်တန်း၏ နောက်ဆုံးကားကို တိုက်ခိုက်နေချိန်တွင် ယဉ်မောင်းက ‌ကားမောင်းပြေးသဖြင့် ကားအောက်ဝင်ပုန်းနေသော စကစများ အကာအကွယ်မဲ့ပြီး အကျအဆုံးများခြင်းဖြစ်သည်။

ယဉ်မောင်းက ကားမောင်းပြေးသဖြင့် ကားအောက်တွင်ဝပ်နေရာယူသော စကစတပ်သားများ ကား‌နောက်အမှီ ပြန်‌ပြေး လိုက်နေချိန်တွင် CDF-MINDAT ၏ ဝိုင်းဝန်း ပစ်ခတ်မှုကြောင့် အကျဆုံး များခြင်းဖြစ်သည်ဟု CDF-MINDAT ကထုတ်ပြန်သည်။

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...