ကျင်ဒွေးမြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၅ ဦးကျဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရရှိ

ကျင်ဒွေးမြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၅ ဦးကျဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရရှိ

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့အနီးတွင် CDF-Kanpetlet နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ နိုဝင်ဘာလ (၄) ရက် နံနက် ၈ နာရီမှ ၁၁ နာရီခန့်အထိ ၃ နာရီကြာတိုက်ပွဲဖြစ်ပွားကာ စကစဘက်မှ ၅ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိပြီးနောက် ပြန်လည်ဆုတ်ခွါသွားကြသည်ဟု CDF-Kanpetlet ထံမှ သိရသည်။

“ကျင်ဒွေးမြို့မှာ တပ်စွဲထားတဲ့တပ်တွေပေါ့၊ သူတို့ကတပ်စွဲထားတာကြာပြီ။ သူတို့က မြို့ထဲမှာနေတယ်။ ကျွန် တော်တို့လည်း မြို့ရဲ့မလှမ်းမကမ်း CDF ရဲ့ထိန်းချုပ်ဧရိယာပေါ့ သူတို့ကျင်းဒွေးမြို့ကနေ ဒီနေ့ ၈နာရီ မှာ ထွက်လာတာ ဖုံတွီးကျင်းဖက်ကိုကျော်လာကြပြီး အဲ့ဒီမှာ ကင်းကျတဲ့ CDF တွေနဲ့ ထိပ်တိုက်ပစ်ခတ်ခဲ့ကြတာ” ဟု Kanpetlet-CDF တပ်မမှုးက ပြောသည်။

ကျင်ဒွေးမြို့၊ ဖုံတွီးကျင်းရပ်ကွက်အထက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့များက Kanpetlet-CDF ထိန်း ချုပ်နယ်မြေအတွင်း မော်တော်ဆိုင်ကယ် ၁၀ စီးဖြင့် တပ်သား အယောက် ၃၀ ခန့် ဝင်လာရာမှ နှစ်ဖက်ထိတွေ့မှုရှိပြီး သုံးနာရီအကြာတိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်မှ သေဆုံးသူများနှင့် ဒဏ်ရာရသူအများအပြားဖြင့် ပြန်လည် ဆုတ်ခွာသွားကြပြီး Kanpetlet-CDF မှ ထိခိုက်ကျဆုံးမှုမရှိကြောင်းလည်း သိရသည်။

ကျင်ဒွေးသည် ယခင်အစိုးရလက်ထက်တွင် မြို့သတ်မှတ်ပေးခဲ့ခြင်းဖြစ်ပြီး ကန်ပက်လက်မြို့နှင့် ၂၅ မိုင်ခန့်ကွာဝေးသည်ဟု သိရသည်။

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့များ အနေဖြင့် နယ်နိမိတ်ကျူးကျော်ဝင်ရောက်လာခြင်းနှင့် စစ်ကြောင်းထွက်လာမည်ဆိုပါက နှစ်ဖက်ကြား တိုက်ပွဲပြင်းထန်မှုများ ရှိလာနိုင်မည်ဖြစ်သည်။

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...