ထန်တလန်မြို့ မီးလောင်မှု ဘုရားကျောင်း ၂ ကျောင်းနှင့် လူနေအိမ် ၁၆၀ ကျော်လောင်ကျွမ်းပြာကျခဲ့

ထန်တလန်မြို့ မီးလောင်မှု ဘုရားကျောင်း ၂ ကျောင်းနှင့် လူနေအိမ် ၁၆၀ ကျော်လောင်ကျွမ်းပြာကျခဲ့

ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်တွင် အောက်တိုဘာလ ၂၉ ရက်နေ့ မနက်ပိုင်းကစတင်ပြီး စစ်ကောင်စီတပ်ဖွဲ့များ၏ ရှို ့ ့မီးကြောင့် ယနေ့မနက်ပိုင်းအထိ ဘုရားကျောင်း ၂ ကျောင်းအပါအဝင် လူနေအိမ် ၁၆၀ ကျော် လောင်ကျွမ်းပြာကျခဲ့ပြီး လက်ရှိတွင် မီးညွန့်ကျိုုးကာ အရှိန်လျော့နည်းသွားပြီဟု ထန်တလန် ဒေသခံတစ်ဦးက ပြောသည်။

“အခုတော့ မီးက နည်းနည်းတော့စငြိမ်လာပြီ သူ့ဘာသာသူငြိမ်လာပြီ မီးကတော့နည်းနည်းတော့ကျန်သေး တာပေါ့။” ဟု ထန်တလန် ဒေသခံတစ်ဦး ကပြောသည်။

အဆိုပါမီးလောင်မှုကြောင့် Church On The Rock ဘုရားကျောင်း၊ Presbyterian Church ဘုရား ကျောင်း နှစ်ကျောင်းနှင့် ထန်တလန်မြို့တွင် အကြီးဆုံးနှစ်ခြင်းအသင်းတော်ရုံးချုပ်အပါအဝင် လူနေအိမ် ၁၆၃ အိမ်မီးလောင်ပြာကျ သွားသည်ဟု သိရသည်။

ထန်တလန်မြို့တွင် အိမ်ထောင်စု ၁၅၀၀ စု လူဦးရေ တစ်သောင်းဝန်း ကျင်ခန့်ရှိသော်လည်း မြို့ခံပြည်သူအားလုံးနီးပါးသည် စက်တင်ဘာလကစတင်ပြီး မြို့ကိုစွန့်ခွာပြီး ကျေးလက်ဒေသနှင့် အိန္ဒိယနိုင်ငံတို့တွင် စစ်ဘေးတိမ်းရှောင်နေကြစဉ် စစ်ကောင်စီက လူနေအိမ်များကို ဒုတိယအကြိမ်မီးရှို ့ခဲ့ခြင်းဖြစ်သည်။

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...