အထက်တန်းကျောင်းနေရွယ် စစ်ဘေးရှောင်များ မီဇိုရမ်တွင် ပညာသင်ကြားရန် ကျောင်းအပ်နှံခွင့်ပြု

အထက်တန်းကျောင်းနေရွယ် စစ်ဘေးရှောင်များ မီဇိုရမ်တွင် ပညာသင်ကြားရန် ကျောင်းအပ်နှံခွင့်ပြု

မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိနေကြသည့် စစ်ဘေးရှောင်များထဲမှ အထက်တန်းကျောင်းနေရွယ် ကလေးငယ်များ ပညာဆက်လက်သင်ကြားခွင့်ကို မီဇိုရမ်အစိုးရမှ အောက်တိုဘာ ၂၈ ရက်နေ့က တရားဝင်ခွင့်ပြုလိုက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

Mizoram Board of School Education (MBSE) ထုတ်ပြန်ချက်အရ မီဇိုရမ်ပြည်နယ်အတွင်း ထွက်ပြေးတိမ်းရှောင်လာသူ စစ်ဘေးရှောင်များတွင် အထက်တန်းအရွယ် အများအပြားရှိနေသည့်အတွက် ယခုလို တရားဝင်ခွင့်ပြုလိုက်ရခြင်းဖြစ်ပြီး Registration form ကို နိုဝင်ဘာ ၁၀ ရက်နေ့အထိ လက်ခံသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

Registration ပြုလုပ်လိုသူများအနေဖြင့် ကိုယ်နေထိုင်သည့် ကျေးရွာ၊ ရပ်ကွက် Local Council, Young Mizo Association (YMA) ဥက္ကဌထံ စစ်ဘေးရှောင်အမှန် အကန်ဖြစ်ကြောင်း အထောက်အထားပါရှိရမည်ဖြစ်ပြီး အခြားသော document များရှိပါက ထည့်သွင်းရမည်ဖြစ်သည်။ `

Registration fee ကို အထက်တန်းအနေဖြင့် ရူပီး ၁၀၀၊ အထက်တန်းလွန် ၁၂ တန်းအနေဖြင့် ရူပီး ၂၀၀ ပေးရမည်ဖြစ်ပြီး နိုဝင်ဘာ ၁၀ ရက်နေ့နောက်ဆုံးထား တင်သွင်းရမည် ဖြစ်သည်။ နိုဝင်ဘာ ၁၀ ရက်နေ့ကျော်လွန်ပါက လက်ခံမည်မဟုတ်တော့ကြောင်း ဖော်ပြထားသည်။

အဆိုပါ Registration ကို MBSE ရုံး အိုက်ဇောလ်နှင့် MBSE Regional Office, Lunglei တို့တွင် တင်သွင်းရမည်ဖြစ်ပြီး Registration form ကို MBSE official website www.mbse.edu.in တွင် download လုပ်လို့ရသည်။

မီဇိုရမ်ပြည်နယ်တွင် စစ်ဘေးရှောင်ဦးရေ တစ်သောင်းကျော်ရှိပြီး ပညာသင်ကြားသူ စစ်ဘေးရှောင် ကလေးငယ် ၂၀၀၀ ကျော်ရှိကြောင်း သိရသည်။

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...