ICWM အဖွဲ့မှ မီဇိုရမ်ရောက် စစ်ဘေးရှောင်များကူညီ

ICWM အဖွဲ့မှ မီဇိုရမ်ရောက် စစ်ဘေးရှောင်များကူညီ

Indian Christian Women’s Movement (ICWM), Mizoram Unit အဖွဲ့မှ မီဇိုရမ်ရောက် စစ်ဘေးရှောင်များ အတွက် ငွေကြေးအပြင် လိုအပ်သည့်အသုံးဆောင်ပစ္စည်းများစွာကို မီဇိုရမ်အခြေစိုက် စစ်ဘေးရှောက်ကူညီရေး အသင်း Myanmar Refugee Relief Committee (MRRC) အဖွဲ့ထံ အောက်တိုဘာ ၂၇ ရက်နေ့က ပေးအပ်ခဲ့သည်။

အခမ်းအနားကို Bawngkawn Presbyterian အသင်းတော်ခန်းမတွင် ပြုလုပ်ခဲ့ပြီး လှူဒါန်းသော ငွေကြေးနှင့်ပစ္စည်း များကို MRRC ဘဏ္ဍာထိန်း Pu Liansanga က လက်ခံခဲ့သည်။

ICWM အဖွဲ့မှ Myanmar Refugee Relief Committee (MRRC) အဖွဲ့ထံ ရူပီး ၈၃၁၂၀၊ အဝတ်အစား၊ အိုးခွက်ပန်ကန်၊ စောင်၊ အစားအစာ အားလုံး အိတ် ၅၀၀ ကျော် ပေးအပ်လှူဒါန်းခဲ့သည်။

Indian Christian Wonen’s Movement (ICWM) အဖွဲ့သည် အိန္ဒိယနိုင်ငံရှိ Protestant အသင်းတော်နှင့် Roman Catholic အသင်းတော် အမျိုးသမီးများမှ ဖွဲ့စည်းတည်ထောင်ထားသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မီဇိုရမ်တွင်လည်း Unit တစ်ခုအနေဖြင့် ရပ်တည်သည်။

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...