ICWM အဖွဲ့မှ မီဇိုရမ်ရောက် စစ်ဘေးရှောင်များကူညီ

ICWM အဖွဲ့မှ မီဇိုရမ်ရောက် စစ်ဘေးရှောင်များကူညီ

Indian Christian Women’s Movement (ICWM), Mizoram Unit အဖွဲ့မှ မီဇိုရမ်ရောက် စစ်ဘေးရှောင်များ အတွက် ငွေကြေးအပြင် လိုအပ်သည့်အသုံးဆောင်ပစ္စည်းများစွာကို မီဇိုရမ်အခြေစိုက် စစ်ဘေးရှောက်ကူညီရေး အသင်း Myanmar Refugee Relief Committee (MRRC) အဖွဲ့ထံ အောက်တိုဘာ ၂၇ ရက်နေ့က ပေးအပ်ခဲ့သည်။

အခမ်းအနားကို Bawngkawn Presbyterian အသင်းတော်ခန်းမတွင် ပြုလုပ်ခဲ့ပြီး လှူဒါန်းသော ငွေကြေးနှင့်ပစ္စည်း များကို MRRC ဘဏ္ဍာထိန်း Pu Liansanga က လက်ခံခဲ့သည်။

ICWM အဖွဲ့မှ Myanmar Refugee Relief Committee (MRRC) အဖွဲ့ထံ ရူပီး ၈၃၁၂၀၊ အဝတ်အစား၊ အိုးခွက်ပန်ကန်၊ စောင်၊ အစားအစာ အားလုံး အိတ် ၅၀၀ ကျော် ပေးအပ်လှူဒါန်းခဲ့သည်။

Indian Christian Wonen’s Movement (ICWM) အဖွဲ့သည် အိန္ဒိယနိုင်ငံရှိ Protestant အသင်းတော်နှင့် Roman Catholic အသင်းတော် အမျိုးသမီးများမှ ဖွဲ့စည်းတည်ထောင်ထားသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မီဇိုရမ်တွင်လည်း Unit တစ်ခုအနေဖြင့် ရပ်တည်သည်။

Most read this week

December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...
December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...