စစ်ဘေးရှောင်ပြည်သူများအား နွေးထွေးစွာလက်ခံကူညီပေးသည့် မီဇိုရမ်အပေါ် ကျေးဇူးတင်ကြောင်း ချင်းပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဆလိုင်းလျန်လွယ်ပြောဆို

စစ်ဘေးရှောင်ပြည်သူများအား နွေးထွေးစွာလက်ခံကူညီပေးသည့် မီဇိုရမ်အပေါ် ကျေးဇူးတင်ကြောင်း ချင်းပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဆလိုင်းလျန်လွယ်ပြောဆို

မြန်မာနိုင်ငံတွင် စစ်ကောင်စီမှ အာဏာသိမ်းယူခဲ့ပြီးနောက် နိုင်ငံရေးအခြေနေကြောင့် မီဇိုရမ်ပြည်နယ်တွင် ထွက်ပြေးတိမ်းရှောင် ခိုလှုံလာကြသော စစ်ဘေးရှောင်များအား ညီအကိုရင်းသဖွယ် ကူညီဆောင်ရွက်ပေးသော မီဇိုရမ်အပေါ် ချင်းလူမျိုးကိုယ်စားသော်လည်းကောင်း၊ နိုင်ငံကိုယ်စားသော်လည်းကောင်း အထူးကျေးဇူးတင်ရှိကြောင်း မီဇိုရမ်တွင်ရောက်ရှိနေသည့် ချင်းပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဆလိုင်းလျန်လွယ်က ပြောသည်။

ယနေ့အောက်တိုဘာ ၂၉ ရက်တွင် မီဇိုရမ်ပြည်နယ် အိုက်ဇောလ်မြို့၌ ကျင်းပပြုလုပ်သည့် (၁၉) ကြိမ်မြောက် Mizo Students’ Union General Conference တွင် Guest of honour အဖြစ် တက်ရောက်သော ဆလိုင်းလျန်လွယ်က ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအခြေအနေမှာ တိတိကျကျ ပြောဆိုလို့မရသေးသည့် အတွက် စိတ်ရှည်ရှည်ဖြင့် စစ်ဘေးရှောင်များအား ဆက်လက်ကူညီပေးကြရန်၊ စစ်ဘေးရှောင်များထဲတွင်လည်း  ပြစ်မှုကျူးလွန်မှုများ ရှိလာနိုင်သည့်အတွက် ညီအကိုရင်းသဖွယ် နားလည်ခွင့်လွတ်ပေးကြရန် ဆလိုင်းလျန်လွယ်က တောင်းပန်ပြောဆိုခဲ့သည်။

Mizo Students’ Union ဥက္ကဌ Pu Lalmuanzuala ကလည်း တတ်နိုင်သည့်ဘက်ကနေ စစ်ဘေးရှောင်များကို ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စစ်ဘေးရှောင်များအား စားနပ်ရိက္ခာပြတ်လတ်ခံမှာမဟုတ်ကြောင်း ပြောသည်။

မီဇိုးလူမျိုးများလည်း စစ်ရေးပဋိပက္ခကြောင့် ယခင်က မြန်မာနိုင်ငံတွင် အများအပြားထွက်ပြေးတိမ်ရှောင်ခဲ့ရကြောင်း ထိုအချိန်တွင် ချင်းလူမျိုးများက မီဇိုးလူမျိုးများကို အတတ်နိုင်ဆုံးကူညီဆောင်ရွက်ပေးခဲ့သည့်အပေါ် မိမိတို့အနေဖြင့် မမေ့သေးကြောင်း၊ ယခုအခါ မီဇိုရမ်ရောက် စစ်ဘေးရှောင်များကို ပြန်လည်ကူညီဆောင်ရွက်ပေးခြင်းသည် မိမိတို့၏တာဝန်ဖြစ်သည်ဟု Mizo Students’ Union ဥက္ကဌက ပြောသည်။

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...