ထန်တလန်မြို့ ဒုတိယအကြိမ် မီးရှိုခံရပြီီး လူနေအိမ်အလုံး ၃၀ ကျော် လောင်ကျွမ်းပျက်စီး

ထန်တလန်မြို့ ဒုတိယအကြိမ် မီးရှိုခံရပြီီး လူနေအိမ်အလုံး ၃၀ ကျော် လောင်ကျွမ်းပျက်စီး



ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် အောက်တိုဘာ ၂၉ ရက်နေ့ မနက် ၁၀ နာရီခန့်က စစ်ကောင်စီမှ မြို့တွင်း နေရာခြောက်နေရာတွင် မီးရှို့ခြင်းကြောင့် လူနေအိမ်အလုံး ၃၀ ကျော် လောင်ကျွမ်းပျက်စီးသွားသည်ဟု ထန်တလန်မြို့ခံတစ်ဦးက ပြောသည်။

“ထန်တလန်ဖက်တော်တော်ဆိုးရွားနေတယ် ဒီမနက် ၁၀ နာရီလောက်ကနေပြီး စစ်ကောင်စီတွေက မြို့မစျေးနီးက CB ဘဏ်ကနေတနေရာ၊ ၁နာရီခွဲမှာအခု TBC ဘုရားကျောင်းအနီးပတ်ဝန်းကျင် ၅ နေရာမှာ အိမ်တွေကိုမီးရှို့တယ်။မီးငြိမ်းသတ်တဲ့လူကမရှိဘူး မီးကမငြိမ်းသေးဘူး။ အိမ်က ၂၀-၃၀ ကြား လောင်ကျွမ်းတယ် ဆက်တိုက်လောင်းကျွမ်းမယ့်အခြေအနေမျိုးဖြစ်နေတယ်။” ဟု ထန်တလန်မြို့ ခံတစ်ဦးကပြောသည်။

အဆိုပါမီးလောင်မှုကို မီးငြိမ်သတ်ရန် ပြည်သူများမရှိသည့်အပြင် မီးငြိမ်းသတ်ရန်သွားရောက်မည်ဆို ပါက စစ်ကောင်စီဘက်က ပစ်ခတ်ခံရနိုင်သောကြောင့် မည်သူမှမသွားရဲကြပဲ ဆက်လက်လောင်ကျွမ်းနေဆဲဟုသိရသည်။

ထန်တလန် မြို့မစျေးရပ်ကွက် CB ဘဏ်အနီးရှိ လူနေအိမ်များ မီးစတင်လောင်ကျွမ်းခြင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဘက်မှ လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် စတင်လောင်းကျွမ်းခဲ့ခြင်းဖြစ်ပြီး မွန်းလွဲပိုင်းမီးလောင်ခြင်းမှာ စစ်ကောင်စီတပ်ဖွဲ့တို့ကိုယ်တိုင်မှ စတင်မီးရှို့ခဲ့ခြင်းကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထန်တလန်မြို့တွင် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်း လူနေအိမ် ၁၉ လုံး မီးလောင်ခဲ့သည့်အပြင် မီးငြိမ်းသတ်ရန်သွားသော ပါစတာတစ်ဦးကိုလည်း စစ်ကောင်စီက ပစ်သတ်ခဲ့ပြီးပြီးနောက် မြို့ခံပြည်သူအားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

Most read this week

December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...
December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...