ချင်းပြည်နယ်တွင် စစ်ကောင်စီမှ မတရားဖမ်းဆီးထားသည့် ၂၂ ဦး ပြန်လွတ်မြောက်လာ

ချင်းပြည်နယ်တွင် စစ်ကောင်စီမှ မတရားဖမ်းဆီးထားသည့် ၂၂ ဦး ပြန်လွတ်မြောက်လာ

အာဏာသိမ်းစစ်ကောင်စီအား ဆန့်ကျင်ကန့်ကွက်မှုများကြောင့် ချင်းပြည်နယ်တွင်စစ်ကောင်စီမှ မတရားဖမ်းဆီးထားသော ၂၂ ဦး ယနေ့ အောက်တိုဘာလ ၁၉ရက်နေ့ မွန်းလွဲပိုင်းက ပြန်လည်လွွတ်မြောက်လာ ကြကြောင်းသိရသည်။

အဆိုပါ လွတ်မြောက်လာသူများမှာ ဟားခါးမြို့တွင် ၁၁ ဦး၊ တီးတိန်မြို့တွင် ၂ ၊ ဖလမ်းမြို့တွင် ၁ ဦး၊ မတူပီမြို့ ၇ ဦးနှင့် ကန်ပက်လက်မြို့တွင် ၁ ဦး စုစုပေါင်း ၂၂ ဦးတို့ဖြစ်ကြသည်။

မတူပီမြို့မှ ယနေ့ ပြန်လွတ်မြောက်လာသူ ၇ ဦးထဲတွင်၅ ဦးမှာ ဧပြီလ ၇ ရက် ၈ ရက်နေ့များတွင် ဖမ်းဆီးခံခဲ့ရကာ ၇ လအကြာမှ ပြန်လည်လွတ်မြောက်လာခြင်းဖြစ်ပြီး ၎င်းတို့ကို ခံဝန်ကတိထိုး ရသည်ဟု သိရသည်။

“မတူပီက ၇ ယောက်လွတ်တယ်၊ ဦးထွန်းလင်းတို့အဖွဲ့နဲ့ တခြား ၂ယောက်လည်းလွတ်တယ်။ သူတို့ အကုန်အိမ်ပြန်ရောက်လာကြပြီ၊ ခံဝန်ကတိထိုးရတယ်လို့ပြောတယ်၊ လူငယ်တွေနဲ့ မပူးပေါင်းဘူး၊ ဘယ်မှမသွားဘူး အဲ့လိုမျိုးထိုးရတယ်လို့ပြောတယ်။ အခု အချုပ်ထဲမှာ ၆ယောက်ကျန်သေးတယ်” ဟု မတူပီမြို့ခံတစ်ဦးက ပြောသည်။

ချင်းပြည်နယ်၊ဖလမ်းမြို့က ပြန်လွတ်မြောက်လာသူ ကိုကျုံးလျံမာန်သည် ဧပြီလ ၁၆ ရက်နေ့ကဖမ်း ဆီးခံရပြီး ယခုတွင် ကျန်းမာစွာဖြင့် နေအိမ်ကို ပြန်လည်ရောက်ရှိလာသည့်အပြင် စက်တင်ဘာလ ၄ ရက်နေ့က ဖမ်းဆီးခံခဲ့ရသော ကန်ပက်လက်မြို့က အမျိုးသမီးတစ်ဦးလည်း လွတ်မြောက်လာဟု သိရသည်။

အလားတူ တီးတိန်မြို့မှ  ၇ လနီးပါး ဖမ်းဆီးခံရသော အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးလည်း ယနေ့မွန်းလွဲပိုင်းတွင် ပြန်လည်လွတ်မြောက်လာကြောင်းတီးတိန်ဒေသခံကပြောသည်။

“အစက သူတို့ဖမ်းထားတာ ၃ယောက်ကို ၁ပတ်ကျော်ကျော်လောက်မှာပြန်လွတ်ပေးလိုက်တယ်၊ ဒီနေ့ ၁နာရီလောက်မှာ ၂ယောက်လွတ်တယ်ဆိုတော့ မကျန်တော့ဘူး။”  ဟုပြောသည်။

ယနေ့တွင် ပြန််လည်မြောက်လွတ်လာသူများမှာ စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းခြင်းကို လက်မခံ ခြင်းကြောင့် နယ်ပယ်အသီးသီးတွင် ဆန္ဒပြထုတ်ဖော်ရာမှ ဖမ်းဆီးခံခဲ့ကြရသူများဖြစ်ကြသည်။

စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းကျခံနေရသော အကျဉ်းသား ၅,၀၀၀ ကျော်ကို ယမန်နေ့ကစပြီး အသုတ်လိုက်လွတ်ပေးနေသော်လည်း ပလက်ဝမြို့က ထပ်မံဖမ်းဆီးခံ ရသော ချင်းလူငယ် ၄ ဦးကို ပြန်လွတ်ပေးခြင်းမရှိသေးကြောင်းလည်းသိရသည်။

 
 

 

 

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...