ဟားခါးမြို့ ပြည်နယ် လ.ဝ.က ရုံးမီးလောင်ပြာကျ

ဟားခါးမြို့ ပြည်နယ် လ.ဝ.က ရုံးမီးလောင်ပြာကျ

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ယမန်နေ့ည အောက်တိုဘာလ ၁၄ ရက် ၁၀ နာရီခွဲအချိန်က မြို့ထဲတွင်သေနတ်ပစ်သံများ ကြားရပြီးနောက် ဟားခါးမြို့ယဉ်ကျေးမှုပြတိုက် နောက်ဖက်တွင်ရှိသော ပြည်နယ် လ.ဝ.က ရုံးမီးလောင်ပြာကျသွားသည်ဟု သိရသည်။

“ဘာကြောင့် မီးလောင်တယ်ဆိုတာတော့မသိရဘူး။ မနေည မီးလောင်တော့ ဘယ်သူမှမသွားရဲကြဘူး၊ ရုံးကသစ်ပင်တွေဝိုင်းထားတယ်၊ သံဆူးကြိုးတွေနဲ့ ဝိုင်းထားတယ် ဘယ်မှမဝင်ရဲကြဘူး။ မီးသတ်ကား လာတဲ့အချိန် အကုန်လုံးပြာကျသွားပြီ သူတို့လည်း ဘာမှမတတ်နိုင်ဘူး” ဟု ဟားခါးမြို့ဒေသခံတစ်ဦးကပြောသည်။

အဆိုပါ ပြည်နယ် လ.ဝ.က ရုံး နှင့် မြို့နယ် လ.ဝ.က ရုံးတို့တွင် ညစောင့်မိသားစုတစ်စုလည်း ရှိသည်ဟုသိရပြီး ၎င်းမီးလောင်မှုကြောင့် ယနေ့မနက်တွင် ညစောင့်အမျိုးသားကိုမူ ရဲမှ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်းလည်း သိရသည်။

မီးစတင်လောင်ကျွမ်းသည့် အကြောင်းရင်းကို မသိရဘဲ ပတ်ဝန်းကျင်အနီးအနားတွင်ရှိသော ပြည်သူများလည်း အိမ်ပြင်မထွက်ရဲခြင်းကြောင့် မီးငြိမ်းသတ်ပေးနိုင်ခြင်းမရှိခဲ့ကြပေ။

စက်တင်ဘာ ၁၄ ရက်နေ့ကစပြီး စစ်ကောင်စီတပ်များက ဟားခါးမြို့တွင် ညတိုင်း လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့်လူနေအိမ် ၂ လုံးမီးလောင်ကျွမ်းခဲ့ပြီးနောက် ပြည်သူအချို့မှာလည်း နေအိမ်စွန့်ခွာကာ တောရွာများသို့ ထွက်ပြေးတိမ်းရှောင်သူများလည်းရှိခဲ့သည်။

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...