ရဲမှူးမှ အမှာစကားပြောမည်ဟုဆိုကာ ပလက်ဝမှ ချင်းလူငယ် ၄ ဦး ထပ်မံဖမ်းဆီးခံရ

ရဲမှူးမှ အမှာစကားပြောမည်ဟုဆိုကာ ပလက်ဝမှ ချင်းလူငယ် ၄ ဦး ထပ်မံဖမ်းဆီးခံရ

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့ အချုပ်ခန်းတွင် ၅ လအကြာ ချုပ်နှောင်ခံထားရပြီး အောက်တိုဘာလ ၁၂ ရက်နေ့က အပြစ်မရှိဟုဆိုကာ တရားရုံမှ ပြန်လွတ်ပေးခဲ့သော ပလက်ဝမှ ချင်းလူငယ် ၄ ဦးကို နောက်တစ်နေ့ အောက်တိုဘာလ ၁၃ ရက်နေ့တွင် ရဲမှူးကြီးမှ အမှာစကားပြောမည်ဟုဆိုကာ ထပ်မံဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ၎င်းတို့နှင့် နီးစပ်သူများထံမှ သိရသည်။

“မနေ့ကလည်း လွတ်လာပြီး သူတို့ကို ညနေပိုင်းလောက်က စစ်တပ်ကနေပြီးမှ အမှာစကားတွေပြောအုံးမယ်ဆိုပြီးမှ ခေါ်သွားတယ်။ ဒီနေ့လည်း ၁၀ နာရီခွဲလောက်က ရဲမှူးကြီးက အမှာစကားတွေပြောအုံးမယ်ဆိုပြီး အဲ့လိုပုံစံမျိုးနဲ့ ခေါ်သွားတာပဲ။ မိသားစုဝင်တွေကိုတော့ ရဲစခန်းဆက်သွယ်လာတယ်။ သူတို့ကို အချုပ်ထဲ ထည့်ထားလိုက်တယ်လို့ပြောတယ်။ လူကြီးတွေက ထည့်ခိုင်းလို့ထည့်တာ အကြောင်းအရင်းကို သူတို့လည်းမသိဘူး။” ဟု ပြောသည်။

အဆိုပါ ၄ ဦးတို့ကို မည်သည့်အကြောင်းကိစ္စဖြင့် ပြန်လည်ဖမ်းဆီးကြောင်းကိုလည်း မိသားစုဝင်များမှာ သိိရှိခွင့်မရရှိသည့်အပြင် ယနေ့ထပ်မံဖမ်းဆီးခံရပြီးနောက် ရဲစခန်းတွင် ဝင်ခွင့်မရခြင်းနှင့် တွေ့ခွင့်ပါ မရရှိကြောင်းကိုလည်း ၎င်းက ထပ်မံပြောကြားသည်။

စက်တင်ဘာလ ၂၂ ရက်နေ့က အဂ္ဂါပေလူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ဒါရိုက်တာတစ်ဦးဖြစ်သော ဦးရာကျော်ကို တရားလိုဖြစ်သူ စစ်ကောင်စီဖက်မှ ထောက်ခံချက်ဖြင့် ပြန်လည်လွတ်ပေးခဲ့သော် ၎င်းနှင့်အတူဖမ်းဆီးခံရသော အိုက်ထွန်းမင်း (အဆိုတော်)၊ အိုက်ထွန်းမင်း (ကုမ္ပဏီ)၊ အိုက်ထွန်းမင်း (သစ်တော)၊ အောင်ထွန်းစိုး (ခ) အားလူးတို့ကိုမူ ယနေ့တွင် ပြန်လည်ဖမ်းဆီးခြင်းဖြစ်သည်။

၎င်းတို့ ၅ ဦးတို့သည် မင်းတပ်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများကို ကူညီထောက်ပံ့ပေးရန်အတွက် အလှူငွေကောက်ခံသည့် ကိစ္စနှင့်ပက်သက်၍ ဖမ်းဆီးကာ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံရခြင်းဖြစ်ကြသည်။

Most read this week

February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...