ယနေ့မနက် CNA, CDF ပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲအတွင်း စစ်ကောင်စီမှ ၅ ဦးသေဆုံး

ယနေ့မနက် CNA, CDF ပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲအတွင်း စစ်ကောင်စီမှ ၅ ဦးသေဆုံး

ယနေ့မနက်ပိုင်းမှစတင်ကာ ချင်းအမျိုသားတပ်ဦး (CNF/CNA)၊ CDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား တိုက်ပွဲများစတင်ဖြစ်ပွားလျက်ရှိနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

ယနေ့မနက် တိုက်ပွဲအခြေအနေနှင့်ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး (CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ပူးထက်နီက ယခုလိုဖြေကြားသည်။

"ဟားခါးမြို့အထွက် နှရီယာလောန်ထာရ်ကျေးရွာမှာ ဒီမနက် ၁၀ နာရီလောက်ကဖြစ်တယ်။ စစ်ကောင်စီဖက်က ၅ ဦး တိုက်ပွဲမှာကျတယ်။ ကျွန်တော်တို့ CNA, CDF ပူးပေါင်းတပ်ဖွဲ့ကတော့ အထိအခိုက်မရှိဘူး။ နောက် ၆ မိုင်အကွာမှာ သူတို့ (စစ်ကောင်စီ) ဖက်က လက်နက်ကြီးတွေနဲ့ ပစ်တာခတ်တာတော့ရှိတယ်။ ထိပ်တိုက်တွေ့တယ်လို့တော့ ပြောလို့မရဘူး။ သူတို့ဖက်က ရမ်းသမ်းပစ်ခတ်နေတာပဲဖြစ်တယ်။ ဆက်သွယ်ရေးအခက်အခဲကြောင့် အဆက်အသွယ်တော့မရသေးဘူး။ ဖြစ်တယ်လို့တော့ ပြောလို့ရပါတယ်"

ထို့အပြင် တိုက်ပွဲဖြစ်ပွားရာနေရာအနီးရှိ နှရီယာလောန်ထာရ်ကျေးရွာမှ အသက် ၁၃ နှစ်အရွယ် မောင်ပဲန်အုပ်ထန်အပါအဝင် ဒေသခံ ၄ ဦး အဖမ်းခံရသည့်အပြင် SKAT ကားတစ်စီးကိုလည်း သိမ်းယူသွားကြောင်း ဒေသတွင်းသတင်းဖော်ပြချက်အရ သိရသော်လည်း ခိုနူမ်းသုန်သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

စစ်ကောင်စီမှ အနောက်မြောက်ပိုင်းစစ်တိုင်းမှူး အပြောင်းအလဲပြုလုပ်ခဲ့ပြီးနောက် ချင်းပြည်နယ်၏ မြောက်ပိုင်းဖက်မှကော တောင်ပိုင်းဖက်မှပါ စစ်အင်အားများ ဆက်တိုက်တို့ချဲ့လာနေကာ တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားလာနိုင်ချေရှိကြောင်း သိရသည်။

 
 

 

 

Most read this week

December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...
December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...