မီဇိုရမ်ရောက် လွတ်တော်အများစုနဲ့မိသားစုဝင် ၃၄ ဦး ကိုဗစ်ကူးစက်ခံရ

မီဇိုရမ်ရောက် လွတ်တော်အများစုနဲ့မိသားစုဝင် ၃၄ ဦး ကိုဗစ်ကူးစက်ခံရ

မီဇိုရမ်ပြည်နယ်တွင် ထွက်ပြေးတိမ်းရှောင်လာသော မြန်မာနိုင်ငံမှ လွတ်တော်အမတ်များနှင့် သူတို့၏မိသားစုဝင်များ နေထိုင်သော R.Dengthuama Indoor Stadium ခန်းမတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၄ ဦး ရှိကြောင်း သိရသည်။

R.Dengthuama ခန်းမတွင် မြန်မာနိုင်ငံ လွတ်တော်အမတ်များနှင့် သူတို့၏မိသားစုဝင်များ ၅၄ ဦးရှိသည့်အနက် ၃၄ ဦးမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရကြောင်း စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးအဖွဲ့ NGO United for Democratic Myanmar အဖွဲ့ ဥက္ကဌ ပူးလောမ်မာက ယခုလိုပြောသည်။

“အောက်တိုဘာ ၁၂ ရက်နေ့ မနက်က R.Dengthuama ခန်းမမှာရှိတဲ့ ကလေးသူငယ်တစ်ဦးကို ရောဂါပိုးစတွေ့ တယ်။ ဒါနဲ့ ရပ်ကွက်လူကြီးတွေနဲ့တိုင်ပင်ပြီး အဲဒီညနေပိုင်းမှာဘဲ အားလုံးကို ကိုဗစ်စစ်ဆေးခဲ့တယ်။ ၃၃ ဦး ထပ်တွေ့တယ်။” လို့ ပြောသည်။

R.Dengthuama ခန်းမသည် မီဇိုရမ်ပြည်နယ်တွင် ထွက်ပြေးတိမ်းရှောင်လာသော လွတ်တော်အမတ်များနှင့် မိသားစု ဝင်များ နေထိုင်ဖို့အတွက် အစိုးရမှစီစဉ်ထားသောနေရာဖြစ်ပြီး လက်ရှိတွင် လွတ်တော်အမတ် ၁၉ ဦးရှိပြီး စိုးရိမ်ရသည့်အနေအထားမှာမရှိကြောင်း ပူးလောမ်မာက ယခုလို ဆက်ပြောပါသည်။

“အမတ် ၁၉ ဦးရှိတယ်။ ရောဂါကူးစက်ခံရသူ အမတ်ဘယ်လောက်ရှိသလဲဆိုတာတော့ တိတိကျကျမသိရသေးဘူး။ အများစုတော့ ရောဂါကူးစက်ခံရတယ်လို့တော့ သိရတယ်။ နာဆီး၊ ချောင်းဆိုး၊ ဖျားနာတာတွေတော့ ဖြစ်ကြတယ်။ အရမ်းကြီး စိုးရိမ်ရတာတော့မဟုတ်ဘူး။” လို့ ပြောသည်။

NGO United for Democratic Myanmar အဖွဲ့မှ ရပ်ကွက်လူကြီးများနှင့် တာဝန်ရှိလူကြီးများတိုင်ပင်ပြီးနောက် လိုအပ်သည့် ဆေးဝါးများ ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

အလားတူ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်နေ့ကလည်း မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်ပြီး အိုက်ဇောလ်မြို့ Sihphir ရပ်ကွက် Synod Revival Camping Centre တွင် နေထိုင်ကြသည့် စစ်ဘေးရှောင် CDM ဝန်ထမ်းမိသားစု (၅၆) ဦး ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရသည်။

 
 

 

 

Most read this week

February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...