Zoram People’s Movement (ZPM) ပါတီမှ မြန်မာစစ်ဘေးရှောင်တွေကို လှူဒါန်း

Zoram People’s Movement (ZPM) ပါတီမှ မြန်မာစစ်ဘေးရှောင်တွေကို လှူဒါန်း

မီဇိုရမ်ပြည်နယ် နိုင်ငံရေးပါတီတစ်ခုဖြစ်သည့် Zoram People’s Movement (ZPM) ပါတီမှ မီဇိုရမ်ရောက် မြန်မာစစ်ဘေးရှောင်များအတွက် ရူပီး ၁၅၃၉၇၀ အပြင် လိုအပ်သည့် အသုံးဆောင်ပစ္စည်းများစွာကို မီဇိုရမ်အခြေစိုက် မြန်မာစစ်ဘေးရှောင်ကူညီရေးအဖွဲ့ NGO United for Democratic Myanmar အဖွဲ့ထံ အောက်တိုဘာ ၈ ရက်နေ့က လှူဒါန်းခဲ့ကြသည်။

အခမ်းအနားကို အောက်တိုဘာ ၈ ရက်နေ့ နေ့လည် (၂းဝ၀) နာရီတွင် Zoram People’s Movement (ZPM) ဗဟိုရုံတွင် ကျင်းပခဲ့ကြပြီး NGO United for Democratic Myanmar အဖွဲ့ ဥက္ကဌနှင့် ဒု-အတွင်းရေးမှူးတို့က လက်ခံခဲ့ကြသည်။

Zoram People’s Movement (ZPM) ပါတီမှ မြန်မာစစ်ဘေးရှောင်များအတွက် လှူဒါန်းခဲ့သောအရာများမှာ ရူပီး ၁၅၃၉၇၀ အပြင်၊ စောင်၊ အဝတ်အစား၊ အိမ်မှုအသုံးစောင်ပစ္စည်း အိုးခွက်ပန်ကန် အိတ်ကြီးအိတ်သေး စုစုပေါင်း ၄၆၀ ကျော် လှူဒါန်းခဲ့ခြင်းဖြစ်သည်။

NGO United for Democratic Myanmar ဥက္ကဌ ပူးလာလ်ရမ်းလောမ်မာက ယခုလို မီဇိုရမ်ရောက် မြန်မာစစ်ဘေးရှောင်များအတွက် ပေးလှူဒါန်းခဲ့သော Zoram People’s Movement (ZPM) ပါတီနှင့် ထည့်ဝင်လှူဒါန်းခဲ့သောသူ အားလုံးအပေါ် ကျေးဇူးတင်ကြောင်းပြောကြားခဲ့ပြီး၊ လိုအပ်သည့် မြန်မာစစ်ဘေးရှောင်များနေရာတွင် ပြန်လည်ဖြန့်ဝေ သွားမည်ဖြစ်ကြောင်း ပြောသည်။

အလားတူ အောက်တိုဘာ ၇ ရက်နေ့ကလည်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အတွင်းရှိ Benjamin Sum ပရိတ်သတ် Summer များက မီဇိုရမ်ရောက် မြန်မာစစ်ဘေးရှောင်များအတွက် လိုအပ်တဲ့ပစ္စည်းများအပြင် ရူပီးငွေ ၁၂၀၀၀ ကို မီဇိုရမ်ပြည်နယ်ရှိ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ Myanmar Refugee Relief Committee (MRRC) ထံ လှူဒါန်းခဲ့သည်။

 
 

 

 

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...