ဟားခါးမြို့အဝင်စစ်ဆေးဂိတ်တွင် စစ်ကောင်စီက ခရီးသွားပြည်သူများအား ငွေကြေးအဆမတန်တောင်းခံ

ဟားခါးမြို့အဝင်စစ်ဆေးဂိတ်တွင် စစ်ကောင်စီက ခရီးသွားပြည်သူများအား ငွေကြေးအဆမတန်တောင်းခံ

ချင်းပြည်နယ်မြို့တော် ဟားခါးမြို့အဝင်/အထွက် စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီက ခရီးသွားပြည်သူများကို ဂိတ်ဖြတ်ကြေး အဆမတန်တောင်းခံမှုရှိနေသည်ဟု သိရသည်။

မကြာသေးခင်ရက်ပိုင်းက ထန်တလန်မြို့မှ ဟားခါးမြို့သို့တက်လာသည့် ကားတစ်စီးကို ဟားခါးမြို့အဝင်စစ်ဆေးဂိတ်တွင် စစ်ကောင်စီတပ်ဖွဲ့က ကျပ်ငွေ ၃ သိန်းတောင်းခံခဲ့ကြောင်း ဟားခါးဒေသခံတစ်ဦးက ပြောသည်။

"ကျနော်တို့ ဟားခါးဂိတ်ကိုမဖြတ်ခင် ကားဆရာတို့ဘက်က ကြိုညှိထားတာ။ သူတို့က သုံးသိန်းပေးမယ်ဆိုရင်တော့ လွှတ်မယ်လို့ပြောတယ်။ ပိုက်ဆံထုတ်ထားပါလို့ ဟိုဘက်က ကျနော့်ကိုပြောတာပေါ့။ ဟားခါးကအသိတစ်ယောက်က ခင်ဗျားတို့ ပြောတတ်ရင်တော့ သူတို့လျှော့ရင်လျှော့မှာပေါ့လို့တော့ပြောတယ်။ အခုချိန်မှာ ပြောတက်တာ မပြောတက်တာ အရေးမကြီးဘူးဆိုပြီး ကျနော့်ဆီမှာ ရှိသမျှအကုန်လုံးထုတ်ပြီးမှ သုံးသိန်းပေးလိုက်တယ်။ ကားသမားဆီမှာပဲ ပိုက်ဆံတွေရော စာရွက်စာတန်းတွေရော ပေးလိုက်တယ်။ သူနဲ့‌ပဲပြောပြီး ကားသမားနဲ့ပဲ စစ်သားတွေစကားပြောပြီး ပိုက်ဆံပေးလိုက်တော့ ဂိတ်ကနေသွားခိုင်းတယ်" အဆိုပါဒေသခံက ပြောသည်။

ဟားခါးမြို့အဝင်/အထွက်တွင် ဂိတ် ၃ ခုရှိကာ စစ်ကောင်စီတပ်များက လုံခြုံရေးစစ်ဆေးမှုများပြုလုပ်နေပြီး လွန်ခဲ့သည့် ရက်သတ္တပတ်ခန့်ကစ၍ ယခုကဲ့သို့ ငွေကြေးအဆမတန်တောင်းခံနေကြခြင်းဖြစ်သည်ဟု သိရသည်။

 
 

 

 

February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...