မင်းတပ်မြို့တွင် စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘာသာရေးအဆောက်အဦးနှင့် လူနေအိမ်များ ထိခိုက်ပျက်စီး

မင်းတပ်မြို့တွင် စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘာသာရေးအဆောက်အဦးနှင့် လူနေအိမ်များ ထိခိုက်ပျက်စီး

ချင်းပြည်နယ် မင်းတပ်မြို့တွင် ယမန်နေ့ည ၇ နာရီကျော်ခန့်က အာဏာသိမ်းစစ်ကောင်စီဘက်မှ လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်မှုကြောင့် မြို့ပေါ် စံပြရပ်ကွက်နှင့် မင်းတပ်မြို့အရှေ့ဘက်ခြမ်းမှ ဘာသာရေးအဆောက်အဦးများနှင့် လူနေအိမ်များ ထိခိုက်ပျက်ဆီးမှုရှိကြောင်း ခရစ်ယာန်အမှုတော်ဆောင် ဆရာတော်တစ်ဦးထံမှ သိရသည်။

"အဆောက်အဦးတွေတော့ လက်နက်ကြီးလက်နက်ငယ်တွေကြောင့် ထိခိုက်ဖျက်ဆီးတာတွေတော့ရှိပါတယ် RC ကျောင်းရော ဘုန်းကြီးကျောင်းရော နောက်ပြီးတော့ န.တ.လကျောင်းတွေမှာရော နောက်ပြီးတော့အရှေ့ဘက်မှာတွေရောထိခိုက်တယ် လာပစ်တဲ့နေရာတော့ အတိအကျတော့ပြောလို့မရဘူး န.တ.လ ကျောင်းတွေမှာရော ရဲစခန်းတွေမှာရော နေရာယူထားတာဆိုတော့ အဲဒီအနီးအနားကနေပဲဖြစ်မယ်လို့ယူဆရတယ်တိုက်ခိုက်မှုတွေမရှိဘူးလို့တော့ယူဆတယ် ဒါပေမဲ့ တကယ်တိုက်ခိုက်မှုလက်တွေ့မြေပြင်မှာလည်းမတွေ့ရဘူး သေနတ်ကတော့ ပစ်ဖောက်သံတွေကြားနေရာတာပေါ့" ဟု ဆရာတော်ကပြောသည်။

အာဏာသိမ်းစစ်ကောင်စီသည် ယခင်ကလည်း လက်နက်ကြီးပစ်ခတ်မှုကြောင့် မင်းတပ်မြို့အပါအဝင် ဖလမ်းနှင့် ထန်တလန်မြို့တွင် ဘာသာရေးအဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ပြီးဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ကလည်း စစ်ကောင်စီကို အပြင်းအထန်ရှုတ်ချကန့်ကွက်ခဲ့ပြီးဖြစ်သည်။

မင်းတပ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီမှ မြို့တွင်း လူမနေသည့် နေအိမ်များအား ဝင်ရောက်မွှေနောက်ခိုးယူမှုများလည်း ရှိနေကြောင်း ဒေသခံများထံမှသိရသည်။

 
 

 

 

February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...