စစ်ကောင်စီက ဖမ်းဆီးသည့် ကလေးမြို့ဒေသခံတစ်ဦး စစ်ကြောရေးတွင် သေဆုံး၊ မီးရှို့အလောင်းဖျောက်ခံရ

စစ်ကောင်စီက ဖမ်းဆီးသည့် ကလေးမြို့ဒေသခံတစ်ဦး စစ်ကြောရေးတွင် သေဆုံး၊ မီးရှို့အလောင်းဖျောက်ခံရ

စစ်ကိုင်းတိုင်း ကလေးမြို့ စက်မှုဇုန်ရပ်ကွက်တွင်နေထိုင်သည့် အသက် ၄၀ အရွယ် ဦးကျော်မင်းဦးသည် စက်တင်ဘာလ ၁၄ ရက်နေ့က အဖမ်းခံခဲ့ရပြီးနောက် စစ်ကောင်စီ၏ စစ်ကြောရေးတွင်သေဆုံးကာ ရုပ်အလောင်းကိုလည်း မိသားစုထံပြန်မပေးဘဲ မီးရှို့ဖျောက်ခံရသည်ဟု သိရသည်။

စက်မှုဇုန်ရပ်ကွက်တွင် တွင်ခုံလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသည့် ဦးကျော်မင်းဦးနှင့် အသက် ၄၀ အရွယ် ဦးရွှေလင်း၊ အသက် ၅၀ အရွယ်အမျိုးသားတစ်ဦး စုစုပေါင်း ၃ ဦးကို စစ်ကောင်စီက စက်တင်ဘာလ ၁၄ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလ ၁၈ ရက်နေ့တွင် ဦးကျော်မင်းဦးသေဆုံးပြီဟု ရပ်ကွက်အုပ်ချုပ်ရေးမှူး ထံမှတဆင့် မိသားစုထံအကြောင်းကြားခဲ့သည်ဟု စက်မှုဇုန်ဒေသခံတစ်ဦးကပြောသည်။

"သေသွားတယ်လို့ အကြောင်းကြားလာတာ သူကအလောင်းတောင်ပါမလာဘူး မနေ့က မဏ္ဍပ်ထိုးပြီး ရက်လည်လု ပ်ပြီးသွားပြီး သူတို့(စစ်ကောင်စီ) ဘက်က အလောင်းကမီးရှို့ပစ်လိုက်ပြီလို့ ပြောတယ်" ဟု စက်မှုဇုန်ဒေသခံ ကပြောသည်။

ဦးကျော်မင်းဦးသည် ကလေးမြို့ စက်မှုဇုန်ရပ်ကွက်တွင်နေထိုင်ကာ တွင်ခုံလုပ်ငန်းဖြင့်အသက်မွေးဝမ်းကျောင်းပြုသည်မှာ နှစ်ပေါင်း ၂၀ ခန့်ရှိပြီးဖြစ်ကာ ဇနီးနှင့် သာသမီးနှစ်ဦးကျန်ရစ်ခဲ့ကြောင်း သိရသည်။

ကလေးတွင် စစ်ကောင်စီက ဖမ်းဆီးပြီး စစ်ကြောရေးတွင်သေဆုံးသူ ဦးကျော်မင်းဦးအပါအဝင် ကလေးမြို့ဒေသခံ ၅ ဦးရှိသွားပြီဟု သိရသည်။

 
 

 

 

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...