မီဇိုရမ်ရောက် မြန်မာစစ်ဘေးရှောင်ကလေးများ ပညာရေး အိန္ဒိယဗဟိုအစိုးရ ကူညီမည်

မီဇိုရမ်ရောက် မြန်မာစစ်ဘေးရှောင်ကလေးများ ပညာရေး အိန္ဒိယဗဟိုအစိုးရ ကူညီမည်

စစ်ရေးပဋိပက္ခကြောင့် မီဇိုရမ်ပြည်နယ်အတွင်း ထွက်ပြေးတိမ်းရှောင်လာကြသော မြန်မာ စစ်ဘေးရှောင်ကလေးများ ပညာသင်ကြားရေးနဲ့ပတ်သက်ပြီး အိန္ဒိယဗဟိုအစိုးရက ကူညီထောက်ပံ့မည်ဟု သိရသည်။

အိန္ဒိယနိုင်ငံ နယူးဒေလီကိုရောက်ရှိနေသည့် မီဇိုရမ်ပြည်နယ် ပညာရေးဝန်ကြီး Lalchhandama Ralte က Ministry of Education အောက်ရှိ Department of School Education and Literacy secretary Anita Karwal နှင့် တွေ့ဆုံ ပြီး မီဇိုရမ်ပညာရေးကိစ္စအသီးသီးဆွေးနွေးခဲ့သည့်အပြင် မီဇိုရောက် စစ်ဘေးရှောင်ကလေးများ၏ ပညာရေးကိစ္စကို လည်း ပြောဆိုဆွေးနွေးခဲ့ကြောင်း The Aizawl Post တွင် ဖော်ပြသည်။

Ministry of Education အတွင်းရေးမှူး Anita Karwal က အိမ်နီးချင်းမြန်မာနိုင်ငံမှ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေး တိမ်းရှောင်လာသော စစ်ဘေးရှောင်ကလေးသူငယ်များ မီဇိုရမ်တွင်ဆက်လက်ပညာရေးသင်ကြားနိုင်ရေးအတွက် လိုအပ်သည့်အရာများကို ကူညီထောက်ပံ့သွားမည်ဟု ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် သြဂုတ်လ ၃၁ ရက်နေ့က မီဇိုရမ်ပြည်နယ်အတွင်း ထွက်ပြေးခိုလှုံကြသော မြန်မာနိုင်ငံ လွတ်တော်ကိုယ်စာလှယ်များက မီဇိုရမ်ပြည်နယ် ပညာရေးဝန်ကြီးတို့ စစ်ဘေးရှောင်ကလေးများ ပညာသင်ကြားနိုင်ရေးကိစ္စ တွေ့ဆုံဆွေးနွေးခဲ့ရာ မီဇိုရမ်ပညာရေးဝန်ကြီး Pu Lalchhandama Ralte က စစ်ဘေးရှောင်းများအနေဖြင့် မီဇိုရမ်တွင် လူမျိုးရေးခွဲခြားဆက်ဆံမှုမရှိဘဲ ပညာသင်ကြားခွင့်ရမည်ဟု တရားဝင်ကြေညာခဲ့ပြီးဖြစ်သည်။

မီဇိုရမ်ပြည်နယ်တွင် မြန်မာစစ်ဘေးရှောင် ကျောင်းနေရွယ်ကလေးငယ် ၃၀၀ ကျော်ခန့်ရှိသည်ဟု သိရသည်။

 
 

 

 

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...