မီဇိုရမ်တွင် Zofate Gospel Charity for Myanmar ပြုလုပ်

မီဇိုရမ်တွင် Zofate Gospel Charity for Myanmar ပြုလုပ်

မြန်မာနိုင်ငံအတွင်း စစ်ရေးပဋိပက္ခကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်လာသော စစ်ဘေးရှောင်ပြည်သူများနှင့် မြန်မာနိုင်ငံရှိ ဇိုး(ချင်း)လူမျိုးများအကြား ကိုဗစ်-၁၉ ဒဏ်သင့်ပြည်သူများအား ကူညီထောက်ပံ့နိုင်ရေးအတွက် ရံပုံငွေရှာဖွေသည့်အနေဖြင့် Zofate Gospel Charity for Myanmar ကို စက်တင်ဘာ ၁၅ ရက် ည ၈းဝ၀ နာရီက မီဇိုရမ်တွင် ပြုလုပ်ခဲ့ကြသည်။

ထိုအစီအစဉ်ကို Breakthrough Believer Ministries နှင့် မီဇိုရမ်ပြည်နယ်ရှိ တက်ကြွလှုပ်ရှားသူ  အနုပညာရှင်များ အဖွဲ့ပူးပေါင်းပြီး ကျင်းပပြုလုပ်ခြင်းဖြစ်သည်။

Breakthrough Believer Ministries အဖွဲ့မှ ဥက္ကဌ Vanlalsailova က “ချင်းပြည်နယ်မှာရှိတဲ့ ကျနော်တို့ ချင်းညီအကိုတွေ စစ်ဘေးဒဏ်ကြောင့် မီဇိုရမ်ကို များစွာ ထွက်ပြေးတိမ်းရှောင်လာကြတာ အားလုံးအသိဖြစ်တယ်။ အဲ့မတိုင်ခင် ကျနော်တို့ညီအကိုအများအပြားနေထိုင်တဲ့ တာဟန်မှာလည်း ဟိုတလောက ကိုဗစ်-၁၉ ရောဂါကြောင့် အောက်ဆီဂျင်မလုံလောက်မှုများသလို၊ သေဆုံးမှုနှုန်းကလည်း အတော်ကိုများတာဖြစ်တယ်။ ဒါကြောင့် အဲဒီအရာကို ရည်ရွယ်ပြီး ဒီ Charity ကို ပြုလုပ်ရခြင်းဖြစ်တယ်။” ဟုပြောသည်။

ဆက်လက်ပြီး Vanlalsailova က “ဒီ Charity ကနေ ရရှိတဲ့ ငွေကြေးဟာ မြန်မာနိုင်ငံ ပြည်တွင်းမှာရှိနေကြတဲ့ ဇိုး(ချင်း) မျိုးနွယ်စုများနှင့် မီဇိုရမ်ကိုထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်များအတွက် လိုအပ်သလို ကူညီ ဆောင်ရွက်သွားမှာဖြစ်တယ်။”ဟု ပြောသည်။

အဆိုပါ Zofate Gospel Charity for Myanmar ရံပုံငွေရှာဖွေပွဲတွင် မြန်မာနိုင်ငံမှ နာမည်ကျော်အဆိုတော် ချင်းအမျိုးသား Benjamin Sum လည်း ပါဝင်ဖျော်ဖြေခဲ့ပြီး  မီဇိုရမ်နာမည်ကျော် အဆိုရှင်များ ဖြစ်ကြသော Vanlalsailova, Zorema Khiangte, HlimHlimi, Lawmi Khiangte, Duhsaki Khiangte, Lalrindiki Khiangte နှင့် Maruati တို့လည်း ပါဝင်ဖျော်ဖြေခဲ့သည်။

 
 

 

 

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...