အောက်ဆီဂျင်စက်ရုံအတွက် ကျေးရွာအချို့တွင် လောင်းစကားဒိုင်ဖွင့် ငွေရှာ

အောက်ဆီဂျင်စက်ရုံအတွက် ကျေးရွာအချို့တွင် လောင်းစကားဒိုင်ဖွင့် ငွေရှာ

ဧရာဝတီတိုင်း သာပေါင်းမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့အချို့က အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရန်အတွက်ဟုဆိုကာ လောင်းကစားဒိုင်ဖွင့်ခွင့်ပြုပြီး ရန်ပုံငွေရှာနေကြကြောင်း ဒေသခံများက ပြောသည်။

သာပေါင်းမြို့တွင် အောက်စီဂျင်စက်ရုံ တည်ဆောက်ရန်အတွက် စစ်ကောင်စီ၏ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ကျေးရွာအုပ်စုတစ်ခုလျှင် ကျပ် ၁၀ သိန်းပေးရန် တောင်းလာသဖြင့် လောင်းကစားဒိုင်ဖွင့်ခွင့်ပေးကာ ရန်ပုံငွေ ရှာဖွေရခြင်းဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက အတည်ပြုပြောကြားသည်။

"ကိုဗစ်လူနာတွေများတော့ အောက်စီဂျင်လိုအပ်ချက်က အမြဲရှိနေတယ် အများစုက စီးပွားမကောင်းကြဘူး ပြီးတော့နွမ်းပါးသူကများတော့ အလှူခံစုဆောင်းဖို့ကလည်း အခက်အခဲရှိလို့ပါ" ဟု ပြောသည်။

ယခုကဲ့သို့ ကပ်ဘေး အငတ်ဘေးကြုံနေရချိန်တွင် လောင်းကစားဝိုင်းများ ပေါများလာသည့်နှင့်အမျှ အခြားသော ခိုးဆိုးလုယက် ဓားပြတိုက်မှု၊ လူသတ်မှု အစရှိသည့် ရာဇဝတ်မှုများ ပိုမိုဖြစ်ပွားနိုင်သည့်အတွက် ဒေသခံများက စိုးရိမ်နေကြသည်။

စစ်ကောင်စီ လက်အောက်ခံ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က မြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာအုပ်စု ၉၀ ကျော်တွင် ပြီးခဲ့သော သြဂုတ်လဆန်းပိုင်းကစတင်၍ ငွေကျပ် ၁၀ သိန်းကို တောင်းခံခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏တပ်များသည် တပ်ရန်ပုံငွေအတွက်ဟုဆိုကာ ၎င်းတို့၏ ထိန်းချုပ်နယ်မြေများအတွင်း ဒေသအခေါ် အာဝါဒေးပွဲဆိုသည့် လောင်းကစားမျိုးစုံပါဝင်သော ပွဲလမ်းများကို ၂၀၁၀ ခုနှစ်မတိုင်ခင်အထိ ပြုလုပ်လေ့ရှိကြောင်း ဒေသခံများ၏ ပြောပြချက်များအရ သိရသည်။

 
 

 

 

Most read this week

August 5, 2026
ရခိုင်-ဧရာဝတီနယ်စပ်၊ ရေကြည်နှင့် သာပေါင်းမြို့နယ်တို့တွင် အာရက္ခတပ်တော် (AA) နှင့်...
August 5, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ရွှေဘုန်းမြင့်ကျေးရွာတွင် စစ်တပ်နှင့် KIA ပူးပေါင်းတပ်တို့အကြား...
August 5, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက် ဖလူးဒေသတစ်ဝိုက်တွင် နယ်မြေပြန်လည်ထိန်းချုပ်ရန် အင်အားအလုံး...
August 4, 2026
ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်အတွင်း အမျိုးသမီးနိုင်ငံရေးအကျဉ်းသူ ၂၇ ဦးမှာ...