စလင်းဗုံးပေါက်ကွဲမှု ရဲတစ်ဦးသေ

စလင်းဗုံးပေါက်ကွဲမှု ရဲတစ်ဦးသေ

မကွေးတိုင်းဒေသကြီး စလင်းမြို့ စစ်ဆေးရေးဂိတ်တွင် ဗုံးပေါက်ကွဲမှုကြောင့် ရဲတစ်ဦးသေ နှစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထိုသို့ ဗုံးပေါက်ကွဲခဲ့သည့် ဂိတ်မှာ စလင်း-မင်းဘူးသွားသည့် ကမ်းလမ်းပေါ်ရှိ စလင်းမြို့အဝင် အားကစားကွင်းရှေ့တွင် စစ်ကောင်စီတပ်များနှင့် ရဲ ၇ ဦးခန့်စောင့်နေသည့် စစ်ဆေးရေးဂိတ်ဖြစ်သည်။

"အဲ့ဒီဂိတ်မှာက သဲအိပ်တွေ သံဆူးကြိုးတွေလည်းချထားတာ။ အဲ့ဒီလိုကြားထဲက သုံးယောက်တောင်ထိတာ" ဟု ဒေသခံတစ်ဦးက ပြောသည်။

ဩဂုတ် ၁၇ ရက်၊ နံနက် ၁၀ နာရီခန့်က ချိန်ကိုက်ဗုံးဟုယူဆရသော ပေါက်ကွဲမှုကြောင့် ရဲတစ်ဦးသေပြီး နှစ်ဦးဒဏ်ရာရရှိကြောင်း ဒေသခံများက ပြောသည်။

အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့ဝင်အချို့ ဂိတ်အတွင်း ဝင်ရောက်နေရာယူပြီးချိန်တွင် ဗုံး ၂ လုံး ပေါက်ကွဲခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

”ရဲတဦးသေပြီး နှစ်ယာက်ဒဏ်ရတာဆိုတော့ ပျာယာခတ်နေကြတယ်” ဟု အနီးအနားတွင် နေထိုင်သူတစ်ဦးက ပြောသည်။

စလင်းမြို့တောင်ဘက် ဂိတ်အထွက်တွင် ဗုံးပေါက်ကွဲခဲ့ခြင်းကြောင့် ဒေသခံများကို စစ်ဆေးရေးတင်းကြပ်မှုများ ပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်များက လမ်းသွားလမ်းလာများ၏ ဖုန်းများကိုစစ်ဆေးခြင်းများ တင်းကြပ်စွာ လုပ်ဆောင်နေသဖြင့် အသွားအလာ မပြုလုပ်ရဲကြကြောင်း ဒေသခံများက ပြောသည်။

စလင်းမြို့တွင် ဧပြီလက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲဖြစ်စဉ်များတွင် ရဲတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် နည်းပညာတက္ကသိုလ် ကျောင်းသားတစ်ဦး သေဆုံးထားသည့်မြို့လည်း ဖြစ်သည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ စလင်းမြို့သည် ရပ်ကွက် ၆ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၀၀ ကျော် လူဦးရေ နှစ်သိန်းသုံးသောင်းကျော် နေထိုင်ကြကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်မြောက်ပိုင်းရှိ စလင်းမြို့သည် ဧရာဝတီမြစ်မှ ၆ မိုင်ခန့် ကွာဝေး၍ စလင်း ချောင်း တစ်ဖက်ကမ်းရှိ မြေပြန့်ပေါ်တွင် တည်ရှိသည်။

စလင်းမြို့မှာ ခရိုင်ရုံးစိုက်ရာ မင်းဘူးမြို့သို့ ၃၉ မိုင်ဝေး၍ ဆင်ဖြူကျွန်းမြို့နှင့် ၇ မိုင်မျှဝေးပြီး ရခိုင်ပြည်နယ် အမ်းတောင်ကြားမှလာသော လမ်းမကြီးသည် စလင်းမြို့သို့ ပေါက်သည်။

 
 

 

 

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...